Connect with us

Europe

ရုရှား နိုင်ငံ အနောက်တောင်ပိုင်း ဒေသ တွင် ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှု ဖြစ်ပွား တိုက်ခိုက်သူ ၃ ဦး အား ပစ်ခတ်ရှင်းလင်း

ရုရှား နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ တာဝန်ထမ်းဆောင်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အနောက်တောင်ပိုင်း Kabardino-Balkaria မြို့တော် တွင် ဇန်နဝါရီ ၂၄ ရက် ၌ ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှုဖြစ်ပွား ခဲ့ရာ အချင်းဖြစ်ပွားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူ ၄ ဦး အနက် ၃ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Kabardino-Balkaria ပြည်ထဲရေးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ဇန်နဝါရီ ၂၄ ရက် ၌ ရဲတပ်ဖွဲ့ဝင် ၃ ဦး က တာဝန်ထမ်းဆောင်စဉ် အတွင်း အမည်မသိသူ ၄ ဦး ၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၊ တိုက်ခိုက်သူ က ဓားဖြင့် ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးခဲ့ရာတွင် ရဲတပ်ဖွဲ့ က တိုက်ခိုက်သူများအနက် ၃ ဦး အား ပစ်ခတ်ရှင်းလင်း ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ဝင် အား ဆေးရုံ သို့ ပိုဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာများ က အချင်းဖြစ်ပွားရာ နေရာ တွင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

Kabardino-Balkaria က ရုရှား နိုင်ငံ North Caucasian ပြည်ထောင်စု တွင် ပါဝင်ပြီး လတ်တလော နှစ်ပိုင်း အတွင်း ရုရှား နိုင်ငံ အစိုးရ ၏ တရားမဝင် လက်နက်ကိုင်ဆောင်မှု အပေါ် တိုးချဲ့ဆောင်ရွက်လာခြင်းကြောင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လာခဲ့ကြောင်း သိရှိရသည်။(Xinhua)