Europe
လစ္စဘွန်း လေဆိပ်တွင် စီးကရက် ၇၀၀,၀၀၀ ကျော် ဖမ်းမိ

လစ္စဘွန်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ပေါ်တူဂီနိုင်ငံ အခွန်စည်းကြပ်နှင့် အကောက်ခွန် အာဏာပိုင်က လစ္စဘွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ဆွဲအိတ်အတွင်း ပစ္စည်းအမယ် ၅၀ မျိုးနှင့် တင်သွင်းလာသော စီးကရက် ၇၀၆,၃၂၀ ဖမ်းဆီးမိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ စစ်ဆေးခံရသော အိတ်များမှာ အန်ဂိုလာနိုင်ငံ မြို့တော် Luanda မှ လစ္စဘွန်းသို့ လာရောက်သည့် ခရီးသည် အမျိုးသားနှင့် အမျိုးသမီးတို့ ပိုင်ဆိုင်သော ခရီးဆောင်အိတ်များ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးမိခဲ့သည့် စီးကရက်များမှာ Camel, Kingsport, Marlboro နှင့် Rothmans စသည့် တံဆိပ်များ ဖြစ်ပြီး တန်ဖိုးအားဖြင့် ယူရို ၁၂၅,၀၀၀ ခန့်ရှိကြောင်းနှင့် အခွန်ဆောင်ထားခြင်း မရှိပေ။
ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ (PSP) နှင့် Republican Guards (GNR) တို့က ပူးပေါင်းကာ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ယင်း ပစ္စည်းများ ကိုင်ဆောင်ထားခြင်းသည် ရာဇဝတ်မှုမြောက်ကြောင်း သိရသည်။ (Xinhua)