Connect with us

Europe

လန်ဒန်အရှေ့ပိုင်းတွင် အက်စစ်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၆ဦး ဒဏ်ရာရရှိ

အက်စစ်ဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အတားအဆီးများ ပြုလုပ်ထားစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အရှေ့ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက အက်စစ်ဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံးလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း လန်ဒန်မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

Stratford ဈေးဝယ်စင်တာ အနီးရှိ ဧရိယာတွင် ယောက်ျားအုပ်စုတစ်စုက အဆိပ်သင့်စေနိုင်သည်ဟု ယူဆရသော အရည်များဖြင့် လိုက်လံပတ်ဖြန်းနေကြောင်း စက်တင်ဘာ ၂၃ ရက် ည ၉နာရီဝန်းကျင်၌ ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ က Stratford ရထားဘူတာရုံအနီး Westfield ဈေးဝယ်စင်တာ အနီးရှိ နေရာအချို့တွင် ယင်းသို့ အက်စစ်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။လူမှုကွန်ရက်များတွင် ပျံ့လွင့်လာသော မှတ်တမ်းများနှင့် ဓါတ်ပုံများအရ အခင်းဖြစ်ပွားရာနေရာရှိ ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့ နှင့် အရေးပေါ်တပ်ဖွဲ့များက အကူအညီပေးနေကြောင်းသိရသည်။

ယခုအခါ ယင်းဧရိယာအား လန်ဒန်မြို့အရေးပေါ်ဋ္ဌာနနှင့် မီးသတ်တပ်ဖွဲ့က အတားအဆီးများဖြင့် ပိတ်ပင်ထားကြောင်း သိရသည်။အမျိုးသားတစ်ဦးကို သံသယရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။လန်ဒန်ရဲတပ်ဖွဲ့ က ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှု နှင့် ဆက်စပ်နေခြင်းမရှိကြောင်း ပြောကြားခဲ့သည်ကို ပြည်တွင်း သတင်းများကဖော်ပြခဲ့သည်။ (Xinhua)