Connect with us

Europe

ပင်လယ်နက်အတွင်း ဒုက္ခသည်လှေနစ်မြုပ်ပြီးနောက် ၄ ဦး သေဆုံး၊ ၁၅ ဦး ပျောက်ဆုံး

ပင်လယ်နက်အား တရားမဝင် ဖြတ်ကူးနေသည့် ရွှေ့ပြောင်းဒုက္ခသည်လှေ တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တူရကီ ကမ်းရိုးတန်းပြင်ပ ပင်လယ်နက်အတွင်း ဒုက္ခသည်များ လိုက်ပါလာသော လှေတစ်စီး စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက နစ်မြုပ်မှုကြောင့် အနည်းဆုံး ဒုက္ခသည် ၄ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တူရကီ ကမ်းစောင့်တပ်ဖွဲ့က ပြောသည်။

ဒုက္ခသည် ၃၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး အနည်းဆုံး ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့၏ ဝက်ဘ်ဆိုက်တွင် တင်ခဲ့သည့် ကြေညာချက်အရ သိရသည်။

အဆိုပါ လှေသည် တူရကီနိုင်ငံ Kocaeli ၏ မာမာရာပြည်နယ် Kefken ကမ်းခြေမှ ထွက်ခွာလာခဲ့ပြီး မည်သည့်နေရာသို့ သွားမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ကြေညာချက်က ဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် တူရကီနှင့် ဥရောပသမဂ္ဂအကြား ရွှေ့ပြောင်းသူများ စီးဆင်းမှုအား ထိန်းချုပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၎င်းတို့အဖို့ အေဂျီယံပင်လယ်လမ်းကြောင်းအား ဖြတ်သန်းသွားလာရန် ခက်ခဲလာခဲ့သည်။ ဒုက္ခသည်များအတွက် ပိုကောင်းသော ဘဝနေထိုင်မှုများ ရရှိရန် ဥရောပ နိုင်ငံများသို့ သွားရောက်ရာ၌ နောက်ပိုင်းတွင် ပင်လယ်နက်သည် လမ်းကြောင်းသစ် ဖြစ်လာခဲ့သည်။

တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့၏ အချက်အလက်များအရ ၂၀၁၇ ခုနှစ်အတွင်း အေဂျီယံပင်လယ်နှင့် ပင်လယ်နက် လမ်းကြောင်း နှစ်ခုလုံး၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် ၁၄,၆၃၂ ဦးကို တူရကီဘက်မှ တားဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.