Connect with us

Europe

အမေရိကန် နှင့် တူရကီ နိုင်ငံ တို့က အပြန်အလှန် အရေးယူပိတ်ဆို့မှုများအား အသီးသီး ပြန်လည် ရုပ်သိမ်း

အမေရိကန် နိုင်ငံ သား ခရစ်ယာန် ဘုန်းတော်ကြီး Andrew Brunson အား မြင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နှင့် တူရကီ နိုင်ငံ အစိုးရ တို့က ယခုနှစ် သြဂုတ်လ မှ စတင်၍ နှစ်နိုင်ငံ အစိုးရ အရာရှိများ အား ဦးတည်ကာ ဆောင်ရွက်ခဲ့သော အပြန်အလှန် အရေးယူ ပိတ်ဆို့မှုများအား ရုပ်သိမ်းကြောင်း နိုဝင်ဘာ ၂ ရက် တွင် အသီးသီး ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က နိုဝင်ဘာ ၂ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ သား ခရစ်ယာန် ဘုန်းတော်ကြီး Andrew Brunson ၏ အမှု အား တူရကီ နိုင်ငံ မှ ပြန်လည် ရုပ်သိမ်းပေးခဲ့သည့် အတွက် တူရကီ နိုင်ငံ အစိုးရ အဖွဲ့ဝန်ကြီး များ အပေါ် ပိတ်ဆို့အရေးယူမှု အား ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် သံတမန်ရေးရာ ညီမျှရေး ဆိုင်ရာ မူဝါဒ အရ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အမိမြေ လုံခြုံရေး ဝန်ကြီး အပေါ် ပိတ်ဆို့အရေးယူမှု အား ပြန်လည် ရုပ်သိမ်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ တွင် ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အခြေအနေ ပြန်လည် တည်ငြိမ်သွားချိန်တွင် တူရကီ နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ သား ခရစ်ယာန် ဘုန်းတော်ကြီး Andrew Brunson အား သူလျှိုမှု ဖြင့် ဖမ်းဆီး ခဲ့သည်။

ယခု နှစ် သြဂုတ်လ ၁ ရက် တွင် တူရကီ က ခရစ်ယာန် ဘုန်းတော်ကြီး Andrew Brunson အား ဖမ်းဆီး ခဲ့သဖြင့် တူရကီ နိုင်ငံ ဝန်ကြီး နှစ်ဦး အား အရေးယူ ပိတ်ဆို့ကြောင်း အမေရိကန် အစိုးရ က ကြေညာ ခဲ့ပြီး တူရကီ နိုင်ငံ မှလည်း တုံ့ပြန်ဆောင်ရွက်မှု ပြန်လည် ပြုလုပ် ခဲ့သည်။ အောက်တိုဘာ ၁၂ ရက် တွင် တူရကီ နိုင်ငံ က ခရစ်ယာန် ဘုန်းတော်ကြီး Andrew Brunson အား လွတ်မြောက်ခွင့်ပေးရန် တရားရုံး မှ အမိန့်ထုတ်ပြန် ခဲ့သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.