Connect with us

Europe

ရုရှားတွင် နေအိမ်မီးလောင်မှုကြောင့် လူ ၈ဦးသေဆုံး

ရုရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည် နေအိမ်မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗလာဒီဗိုစတော့ခ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆိုက်ဘေးရီးယားဒေသ Kemerovoမြို့ ရှိ Yurgaမြို့နယ် တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၈ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းက နိုဝင်ဘာ ၆ ရက် တွင် ဖော်ပြခဲ့သည်။

မီးလောင်မှုကြောင့် လူ တစ်ဦး ဆေးရုံတင်ခဲ့ရကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန၏ ပြည်တွင်းဌာနခွဲတစ်ခုက ပြောကြားခဲ့သည်။

မီးသတ်ယာဉ် ၅စီး နှင့် မီးသတ်ဝန်ထမ်း ၁၉ဦးပါရှိသော အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၅း၁၉နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.