Europe
အီတလီနိုင်ငံ အလယ်ပိုင်းရှိ နိုက်ကလပ်တွင် လူအုပ်ပိမှုကြောင့် ၆ ဦးသေဆုံး

ရောမ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ အလယ်ပိုင်းတွင် ဒီဇင်ဘာလ ၈ ရက်က ဖျော်ဖြေပွဲတစ်ခုအတွင်း လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြေင်း ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဒီဇင်ဘာလ ၈ ရက် နံနက်အစောပိုင်းက အီတလီနိုင်ငံ Adriatic ကမ်းရိုးတန်း Ancona မြို့အနီးရှိ နိုက်ကလပ်တစ်ခု၌ ဓာတ်ငွေ့များ ကလပ်အတွင်းဖျန်းပက်ရာ မခံမရပ်နိုင်ဖြစ်ပြီး လူအများ ထွက်ပေါက်သို့ ပြေးထွက်သွားသည့်အတွက် ယခုကဲ့သို့ လူအုပ်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဒဏ်ရာရသူများအနက် ၁၀ ဦးခန့်မှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း သိရသည်။အခင်းဖြစ်ပွားချိန်၌ ထိုနိုက်ကလပ်အတွင်း လူပေါင်း ၁,၀၀၀ ဝန်းကျင် စုဝေးရောက်ရှိနေခဲ့ကြသည်။Ancona မြို့သည် Ancona ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရောမမြို့မှ ၂၈၀ ကီလိုမီတာအကွာ၌ တည်ရှိသည်။ (Xinhua)