Europe
၂၀၃၀ ပြည့်နှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ကားသစ်များ ရောင်းချမှု ပိတ်ပင်ရန် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကတိပေး
![တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group Co., Ltd. (Sinopharm) ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2020/11/images_china_2020_011_19c01.jpg)
လန်ဒန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်
ဗြိတိန်နိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ကားသစ်များ ရောင်းချမှုကို ယခင်စီစဉ်ထားသည်ထက်ငါးနှစ်စောပြီး ၂၀၃၀ ပြည့်နှစ်၌ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဂျွန်ဆင်က ၎င်း၏ “အစိမ်းရောင် စက်မှုတော်လှန်ရေး” အတွက် အချက် ၁၀ ချက်ပါဝင်သော အစီအစဉ်ကို ထုတ်ဖော်ပြောကြားလျက် ဗြိတိန်နိုင်ငံ အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ပေါင် ၁၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၅.၉ ဘီလီယံခန့်) နှင့် ပုဂ္ဂလိကကဏ္ဍမှ ယင်းပမာဏသုံးဆတို့ကို ပေါင်းစပ်ကာ အလုပ်အကိုင်ပေါင်း ၂၅၀,၀၀၀ ဖော်ဆောင်ပေးနိုင်မည့် “အစိမ်းရောင် စီးပွားရေး” တည်ထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group Co., Ltd. (Sinopharm) ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)
“ယခုနှစ်ဟာ ကျွန်တော်တို့မျှော်လင့်ထားတာထက် အလွန်ခြားနားသော လမ်းကြောင်းမှာ လုပ်ဆောင်နေရသော်လည်း ဗြိတိန်နိုင်ငံဟာ အနာဂတ်ကို ရှုမြင်ကာ ပိုမိုစိမ်းလန်းသောနောက်ခံ တည်ဆောက်ဖို့ အခွင့်အလမ်းကို ဆုပ်ကိုင်နေတာဖြစ်ပါတယ်”ဟု ဂျွန်ဆင်က ဆိုသည်။
၎င်း၏ကြေညာချက်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ဂလက်ဂိုမြို့၌ ကျင်းပရန်သတ်မှတ်ထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရွေ့ဆိုင်းခဲ့ရသည့် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန်ဖရင့် (COP26) မတိုင်မီ တစ်နှစ်စောပြီး ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group Co., Ltd. (Sinopharm) ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)
အချက် ၁၀ ချက်ပါအစီအစဉ်အရ ဂျွန်ဆင်သည် ၂၀၃၀ ပြည့်နှစ်တွင် ၄၀ ဂစ်ဂါဝပ် ကမ်းလွန်လေစွမ်းအင် ထုတ်လုပ်ရန်နှင့် “ကာဘွန်လျှော့ချထားသော” ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်စွမ်း ၅ ဂစ်ဂါဝပ် လည်ပတ်လုပ်ဆောင်သွားရန် ကတိပြုခဲ့သည်။
ဗြိတိန်နိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်ရန် ပြီးခဲ့သည့်နှစ် ဇွန်လက တရားဝင်ကတိပြုထားကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံအနေဖြင့် ဓာတ်ဆီနှင့်ဒီဇယ်ကားများ ရောင်းချမှုရပ်တန့်ရေးကို သက္ကရာဇ်၂၀၄၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်သို့ ကာလလျှော့ချသွားမည်ဖြစ်ကြောင်း ဂျွန်ဆင်က ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံသည် ကပ်ရောဂါဒဏ်ကို သိသိသာသာ ခံစားနေရပြီး အသွားအလာကန့်သတ်မှု ဆောင်ရွက်ချက်များ ထပ်မံလုပ်ဆောင်နေရသလို “ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကြီးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ကျန်းမာလာစေဖို့ လက်ချင်းတွဲပြီး လုပ်ဆောင်သွားနိုင်ရမယ်” ဟု ဂျွန်ဆင်က ပြောခဲ့သည်။ (Xinhua)