Connect with us

International Organizations

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဖဂန်အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အနည်းဆုံး အရပ်သား ၁၉ ဦး သေဆုံးခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇူလိုင် ၂ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

ဂူတာရက်စ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က အရပ်သားများအား ပစ်မှတ်ထားသော မည်သည့် တိုက်ခိုက်မှုမျိုးမဆို တရားမျှတမှုမရှိကြောင်း နှင့် ယင်းမှာ နိုင်ငံတကာဥပဒေကိုရှင်းရှင်းလင်းချိုးဖောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက သက်ဆိုင်သူအားလုံးအနေဖြင့် လူနည်းစုများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးကြရန် ၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ရပ်တန့်ရန် နှင့် အရပ်သားများကို အကူအညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဇူလိုင် ၁ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း သေဆုံးသူအများစုမှာ အာဖဂန်နစ္စတန်ရှိ အနည်းငယ်သော ဆစ်ခ်ဘာသာဝင်များ နှင့် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာနိုင်ငံများအနေဖြင့် အာဖဂန်အစိုးရ နှင့် ပြည်သူများဖက်မှ ရပ်တည်ပေးကြပြီး ၎င်းတို့နိုင်ငံအတွက် ငြိမ်းချမ်းရေး နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။

သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူများ လျင်မြန်စွာ ပြန်လည်နာလန်ထူပါစေကြောင်းလည်း ၎င်းက ဆိုသည်။

ဇူလိုင် ၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျာလာလာဘတ်မြို့၌ အာဖဂန်သမ္မတနှင့်တွေ့ဆုံရန် ဦးတည်ထွက်ခွာလာခဲ့ကြသည့် ဆစ်ခ် နှင့် ဟိန္ဒူ နွယ်ဝင်များကို လမ်းခရီးတစ်နေရာတွင် အသေခံဗုံးခွဲသမားတစ်ဦးက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးကာ ကလေးငယ်များပါအဝင် အခြားလူ ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.