Connect with us

International Organizations

တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ဗန်နာတု(Vanuatu) နိုင်ငံ တွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ်

ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့သည့် ဗန်နာတု(Vanuatu) နိုင်ငံ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆူဗာ ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ဗန်နာတု(Vanuatu) နိုင်ငံ ၏ မြို့တော် အနီးတွင် ဇွန်လ ၂၂ ရက် ၌ ပြင်းအား ၆.၁ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စခန်း ၏ ထုတ်ပြန်ချက် အရ ဂရင်းနစ် စံတော်ချိန် ၂၁ ရက်ည ၉ နာရီ ၁၃ မိနစ် ၃၂ စက္ကန့် တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ အဆိုပါ ငလျင်သည် တောင်လတ္တီကျု ၁၇.၈၁၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၆၈.၀၂၂ ဒီဂရီ အတွင်း မြေပြင်အောက် အနက် ၅၀မီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပစိဖိတ် ဆူနာမီ သတိပေး စင်တာ အနေဖြင့် ဗန်နာတု နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆူနာမီ သတိပေး ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.