Connect with us

International Organizations

ကုလသမဂ္ဂ ရာသီဥတု ညီလာခံအား ၂၀၁၈ ခုနှစ်တွင် ပိုလန်က အိမ်ရှင် အဖြစ် ကျင်းပမည်

မော်ရိုကိုနိုင်ငံ Marrakesh မြို့တွင် ပြုလုပ်သည့် ၂၂ ကြိမ်မြောက် ရာသီဥတု ညီလာခံ ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါဆော၊ နိုဝင်ဘာလ ၁၉ ရက် (ဆင်ဟွာ)

၂၄ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအား ၂၀၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း ပိုလန်နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Pawel Mucha က နိုဝင်ဘာလ ၁၈ ရက်၌ ပြောကြားလိုက်သည်။

ရသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ မူဘောင် ညီလာခံက အဆိုပါ ဆုံးဖြတ်ချက်အား နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် ကြေညာခဲ့ကြောင်း ပိုလန် သတင်း အေဂျင်စီသို့ Mucha က ပြောကြားခဲ့သည်။၂၀၁၈ ခုနှစ် ရာသီဥတု ညီလာခံအား ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် မော်ရိုကိုနိုင်ငံ Marrakesh မြို့တွင် ပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ၌ ပိုလန်နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Jan Szyszko က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ပိုလန် အစိုးရ၏ ကိုယ်စား ၂၄ ကြိမ်မြောက် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ မူဘောင် ညီလာခံနှင့် ၁၄ ကြိမ်မြောက် ကျိုတို ပရိုတိုကော အဖွဲ့ဝင်များ အစည်းအဝေးတို့အား ကျင်းပနိုင်ရန် ၎င်းက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံများအား အဖွဲ့ဝင် နိုင်ငံများက နှစ်စဉ် ကျင်းပခြင်း ဖြစ်ပြီး ကမ္ဘာ့ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ မူဝါဒများ အသေးစိတ်အား ညှိနှိုင်းရန် တာဝန်ယူလုပ်ဆောင်ရသည်။ ပိုလန်နိုင်ငံသည် အဆိုပါ အစည်းအဝေးများအား ၂၀၀၈ ခုနှစ်၌ ပိုဇ်နန်မြို့တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် မြို့တော် ဝါဆောတွင် လည်းကောင်း နှစ်ကြိမ် လက်ခံ ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117