Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က တိုက်ပွဲ အတွင်း ကလေးငယ် များ ထိန်းသိမ်း စောင့်ရှောက်ရေး သဘောတူညီချက် အား အတည်ပြု

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၌ အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဇူလိုင်လ ၉ ရက် ၌ တိုက်ပွဲ ဖြစ်ပွားစဉ် အတွင်း ကလေးသူငယ် စစ်သားများ စုဆောင်ခြင်း ၊ ကလေးငယ်များအား ဘေးဒုက္ခဖြစ်အောင် ဆောင်ရွက်ခြင်း ၊ အဓ္ဓမ ပြုကျင့်ခြင်း နှင့် ဖမ်းဆီးခြင်း စသည့် နိုင်ငံတကာ ဥပဒေ နှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများ ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ကလေးငယ်များ အား တိုက်ပွဲ အတွင်း ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက် ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

သဘောတူညီချက် အရ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များ အနေဖြင့် ကလေးငယ်များအား သတ်ဖြတ်ခြင်း ၊ လူသားဆန့်ကျင်ရေး ပြစ်မှု ကျူးလွန်ခြင်း ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း စသည့် သူများ ကို စုံစမ်းစစ်ဆေးအရေး ယူရန် တောင်းဆိုခဲ့သည်။

ထို့ပြင် သဘောတူညီချက် အရ တိုက်ပွဲဖြစ်ပွားစဉ် နှင့် ဖြစ်ပွားပြီးနောက် ကလေးငယ်များ ပညာရေး နှင့် ဆေးဝါးကုသခံယူနိုင်မှု စသည့် အခြေခံ ဝန်ဆောင်မှုများ ရရှိရေး ကို အထူးအလေးထား သတ်မှတ်ထားပြီး တိုက်ခိုက်မှု ဖြစ်ပွား သည့် နှစ်ဖက် အနေဖြင့် ကလေးငယ်များ လူသားခြင်း စာနာထောက်ထားမှု အကူအညီ ရရှိရေး အတွက် ခွင့်ပြုပေးရန် တိုက်တွန်းထားသည်။

လတ်တလော ရက်ပိုင်း အတွင်း ကုလသမဂ္ဂ ကလေးသူငယ် နှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အတွင်းရေးမှူး ထုတ်ပြန် ခဲ့သည့် နှစ်စဉ် အစီရင်ခံစာအရ ၂၀၁၇ ခုနှစ် တွင် တိုက်ပွဲ ဖြစ်ပွားရာ ဒေသများ ၌ ကလေးငယ် များ၏ အခွင့်အရေး ဆုံးရှုံးမှု ၂၁,၀၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဖြစ်ပွား ခဲ့သော ကလေးငယ်များ အပေါ် အကြမ်းဖက်မှု ၁၅,၅၀၀ ခန့်ထက် များစွာ တိုးမြင့်လာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)