Connect with us

International Organizations

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အပေါ် အပြည့်အဝ ထောက်ခံပြီး ခွဲခြားဆက်ဆံသည့် လုပ်ဆောင်မှုများ ရှောင်ရှားရန် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က တရုတ် နိုင်ငံ ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး တွင် ဆောင်ရွက်သည့် ကြိုးပမ်းအားထုတ်မှု များ ကို အပြည့်အဝ ထောက်ခံ ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စည်းလုံးညီညွတ်စွာ ရှိရန် နှင့် ခွဲခြား ဆက်ဆံသည့် လုပ်ဆောင်မှုများ ကို ရှောင်ရှားရန် တိုက်တွန်းကြောင်း ဖေဖောဝါရီ ၄ ရက် ၌ ပြောကြား ခဲ့သည်။

နှစ်စဉ် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် ဂူတာရက်စ် ၏ နှစ်သစ် သတင်းစာ ရှင်းလင်းပွဲ တွင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အား ရင်ဆိုင်ရာ တွင် တရုတ် နိုင်ငံ အနေဖြင့် ကြီးမားသည့် အရင်းအမြစ်များ ကို သုံးပြု၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ ၏ ကြိုးပမ်းအားထုတ်မှု အပေါ် အပြည့်အဝ ထောက်ခံကြောင်း ၊ ကပ်ရောဂါ နှိပ်စက်မှု ခံနေရ အခြေအနေ အောက် တွင် လူများ က မိမိ လိုလားသည့် သဘောထား အမြင်ဖြင့် ပြဿနာ အား ကြည့်ရှုပြီး အခြားသူ များ အပေါ် ခွဲခြားဆက်ဆံလိုသည့် စိတ်ထား ဖြစ်ပေါ် တက်ကြောင်း ၊ သူတစ်ပါး ၏ လူ့အခွင့်အရေး ကို ချိုးဖောက် ပြီး မိမိ တို့ အသိုင်းအဝိုင်း အတွက် အပြစ်မဲ့သူများ အပေါ် ခွဲခြား ဆက်ဆံသည့် ဆောင်ရွက်မှု မျိုး ကို ရှောင်ရှားရန် မှာ လွန်စွာ အရေးကြီးကြောင်း ပြောကြား ခဲ့သည်။

ထို့ ပြင် ဂူတာရက်စ် က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စည်းလုံးညီညွတ်စွာ ဖြင့် တရုတ် နိုင်ငံ နှင့် အခြား ရောဂါပိုး ကူးဆက် ခံရနိုင်ဖွယ်ရှိသည့် နိုင်ငံ များ အပေါ် အားကောင်း သည့် ထောက်ခံအားပေးခြင်း အား ဆောင်ရွက်ပြီး အပြစ်မဲ့သည့် လူထု နှင့် ရောဂါပိုး ကူးစက်ခံရသူ များ အား နာမည်ဆိုး တပ်ခြင်း များ ကို ရှောင်ရှားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)