Connect with us

International Organizations

တရုတ် နိုင်ငံ သမ္မတ ၏ အတွေးအမြင် အား ကုလသမဂ္ဂ ပြဌာန်း ကြေညာချက်တွင် ထပ်မံ ရေးသွင်းခံရ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ “လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ” အတွေးအမြင် အား နိုဝင်ဘာ ၁ ရက်နေ့၌ ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ထပ်မံ ရေးသွင်း ခံခဲ့ရပြီး ၎င်း အတွေးအမြင် အား ပထမ ဦးဆုံး အကြိမ် ကုလသမဂ္ဂ လုံခြုံရေး ဆိုင်ရာ ပြဌာန်း ကြေညာ ချက်တွင် ထည့်သွင်း ခံရခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မှ အရာရှိများ က တရုတ် နိုင်ငံ သမ္မတ ၏ အတွေးအမြင် အား ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ထည့်သွင်းဖေါ်ပြခဲ့ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း မှ တရုတ် နိုင်ငံ ၏ အတွေးအမြင်အပေါ် ထောက်ခံအားပေးမှု ကို ပေါ်လွင် စေခဲ့ပြီး တရုတ် နိုင်ငံ ၏ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပုံစံ အတွက် ကြိုးပမ်း အားထုတ်ဆောင်ရွက်မှု ကို သိသာထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့ကြသည်။

ကုလသမဂ္ဂ အစည်းအဝေး ကို တက်ရောက် ခဲ့သည့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်နက် ထိန်းချုပ်ရေး ဌာန အတွင်းရေးမှူး ဝမ်ချွင် (Wang Qun) က “လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ” အတွေးအမြင် အား ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ထပ်မံ ထည့်သွင်း ခံရခြင်း သည် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ တရုတ် နိုင်ငံ အပေါ် ထောက်ခံအားပေးမှု ကို ပေါ်လွင် စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယင်း အတွေးအမြင် ကို ဦးတည်၍ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကို တွန်းအား ပေးဆောင်ရွက်သွားပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ ပါကစ္စတန် နိုင်ငံ ကိုယ်စားလှယ် Maleeha Lodhi က လက်ရှိ ကမ္ဘာ့လုံခြုံရေး အခြေအနေ အောက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း မှ နျူစွမ်းအား ပြိုင်ဆိုင်မှု ၊ အကြမ်းဖက် မူဝါဒ နှင့် ဆိုက်ဘာ ဒုစရိုက်မှု စသည့် ပြဿနာ များနှင့် ကြုံတွေ့နေကြောင်း ၊ ယင်းပြဿနာ များသည် သက်ဆိုင်ရာ နိုင်ငံ နှစ်နိုင်ငံဖြစ်သာ ဖြေရှင်း၍ ရမည် မဟုတ်ဘဲ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်၍ ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.