Connect with us

International Organizations

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးအပေါ် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wu Haitao အားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အရေးကိစ္စရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ကမ္ဘာ့အဖွဲ့အစည်း အနေဖြင့် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရလဒ်အနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုကို ဦးတည်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wu Haitao က လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အရေးကိစ္စသည် ရှုပ်ထွေးသောသမိုင်း နောက်ခံအကြောင်းအရာ ၊ တိုင်းရင်းသား နှင့် ဘာသာရေး အခြေခံအကြောင်းအရာများ နှင့် ပဋိပက္ခများမှာ ကာလရှည်ကြာ ကတည်းက ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း Wu က ဆိုသည်။

မြန်မာနိုင်ငံ အစိုးရ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့သည် ဒုက္ခသည်ပြဿနာကို အဖြေရှာရန် ဆွေးနွေးမှု နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ကြောင်း ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံသင့်ကြောင်း နှင့် အပြုသဘောဆောင်သော ထောက်ပံ့ကူညီမှု နှင့် အရေးကိစ္စရပ်ကို သင့်တင့်ကောင်းမွန်စွာ ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက် သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.