Connect with us

International Organizations

တရုတ်-အာဆီယံ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုပမာဏ နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှုအသစ်များ ရရှိ

မလေးရှားနိုင်ငံ အရှေ့ကမ်းရိုးတန်းဒေသ မီးရထားလမ်း သရုပ်ပြပုံစံငယ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

လတ်တလောနှစ်ပိုင်းအတွင်း တရုတ်-အာဆီယံ အတူတကွပူးပေါင်းဆောင်ရွက်မှုက ပိုမိုနက်ရှုှိုင်းလာခဲ့ပြီး တွဲခေါ်နိုင်စွမ်းကလည်း ပိုမိုအားကောင်းလာခဲ့ကြောင်း ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၏ဖုံးလွှမ်းမှုကလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး စက်မှုလုပ်ငန်းကွင်းဆက် နှင့် တန်ဖိုးကွင်းဆက် တို့ကို ပိုမို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သည့် အရေးကြီးသော စီမံကိန်းများမှာလည်း တည်ငြိမ်စွာ ရှေ့ဆက်ဆောင်ရွက်နေနိုင်ပြီး ကုန်သွယ်မှုပမာဏမှာ အပေါင်း လက္ခဏာဖြင့် တိုးမြင့်နေခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင်စတင်ကျင်းပပြုလုပ် ခဲ့သော တရုတ်-အာဆီယံ ကုန်ထုတ်လုပ်မှုပမာဏ နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် မှ သိရှိခဲ့ရသည်။

ယခုအကြိမ်ဖိုရမ် အား “ကုန်ထုတ်လုပ်မှုပမာဏနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်၍ အတူတကွစိန်ခေါ်မှု ကို ရင်ဆိုင်မည်” ဟူသည့်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် စက်မှုလုပ်ငန်းကွင်းဆက် နှင့် ကုန်စည်ထောက်ပံ့ရေး ၊ ဒီဂျစ်တယ်စီးပွားရေး ၊ သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်ခဲ့ကြပြီး တရုတ် နိုင်ငံ နှင့် အာဆီယံ အကြား ကုန်ထုတ်လုပ်မှုပမာဏ နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပလတ်ဖောင်းသစ်တည်ဆောက် ပေးသွားနိုင်ရန်ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အမျိုးသားစာရင်းအင်းဗျူရို ဌာနမှူ နင်ကျိကျီ က တရုတ် နှင့် အာဆီယံ နိုင်ငံ အသီးသီးတို့သည် မိမိတို့ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို တွန်းအားပေးဆောင်ရွက်နေကြကြောင်း ၊ တရုတ်-လာအို ရထာလမ်း စီမံကိန်းသည်လည်း အဆင်ပြေချောမွေစွာဆောင်ရွက်နေပြီး မလေးရှားနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသ မီးရထားလမ်း ၊ ကမ္ဘာဒီးယား ဖနွမ်းပင် မှ Preah Sihanouk အထိ မီးရထားလမ်း စသည့်စီမံကိန်းများသည်လည်း တည်ငြိမ်စွာဆောင်ရွက်နေကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအသီးသီး နှင့် အတူတကွ ကုန်ထုတ်လုပ်မှုပမာဏ နှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်ကာ ကြုံတွေ့လာနိုင်သော အန္တရာယ် နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ဒေသတွင်း စက်မှုလုပ်ငန်းကွင်းဆက် နှင့် ကုန်စည်ထောက်ပံ့ရေး ကိုဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်ရေး နှင့် စည်ပင်ဝပြောစွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ကွမ်ရှီး လျှိုကုန်း စက်မှု ကုမ္ပဏီ အကြီးတန်းဒါရိုက်တာ လီဟုန်းချွင်း က အာဆီယံ ဈေးကွက်တွင် နှစ်ရှည်လုပ်ကိုင်လာသည်နှင့်အမျှ တစ်နေ့တခြား စားသုံးသူတို့က ကျွန်တော်တို့၏ ကုန်ပစ္စည်း အပေါ် ယုံကြည်မှုရှိလာခဲ့ကြောင်း ၊ ဗီယက်နမ် ၊ ထိုင်း ၊ မြန်မာ စသည့်နိုင်ငံတို့တွင် မိမိတို့ ကုမ္ပဏီ ၏ အဓိက ထုတ်ကုန် ကို လွန်စွာကြိုဆိုလာခဲ့ကြောင်း ၊ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိ တို့ ကုမ္ပဏီအနေဖြင့်လည်း ဒေသတွင်း စက်မှုလုပ်ငန်းကွင်းဆက် အတွင်းသို့ ပူးပေါင်းပါဝင်လာခဲ့ကြောင်း ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့ ကုမ္ပဏီ ၏ အရေးပါသည့် ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကုမ္ပဏီ၏ ပြည်ပစုစုပေါင်းရောင်းအား၏ ၂၅ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.