Connect with us

International Organizations

ဗင်နီဇွဲလား၊ ဆော်ဒီ အာရေဗျ၊ ရုရှား၊ ကာတာနိုင်ငံတို့က ရေနံ ထုတ်လုပ်မှု လျှော့ချရန် သဘောတူ

ဗင်နီဇွဲလား၊ ဆော်ဒီ အာရေဗျ၊ ရုရှား၊ ကာတာနိုင်ငံတို့မှ ရေနံ ဝန်ကြီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကရာကက်စ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရေနံ အများဆုံး ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်သော ဗင်နီဇွဲလား၊ ဆော်ဒီ အာရေဗျ၊ ရုရှား၊ ကာတာနိုင်ငံ တို့က ဆက်တိုက် ကျဆင်းလျက် ရှိသော ရေနံ ဈေးနှုန်းများ တည်ငြိမ်မှု ရှိစေရန် အတွက် ရေနံ ထုတ်လုပ်မှုများအား လျှော့ချရန် သဘောတူခဲ့ကြကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်၌ ဗင်နီဇွဲလား အစိုးရက တရားဝင် ပြောကြား လိုက်သည်။

အိုပက် (OPEC) အဖွဲ့ဝင် သုံးနိုင်ငံနှင့် အဖွဲ့ဝင် မဟုတ်သည့် ရုရှားနိုင်ငံတို့မှ ရေနံ ထုတ်လုပ်မှုများ လျှော့ချရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ဆွေးနွေးပွဲ၌ သဘောတူ ခဲ့ကြရာ အီရန်နှင့် အီရတ် အပါအဝင် အခြား ရေနံ ထုတ်လုပ်သည့် နိုင်ငံများ အနေဖြင့် ထိုသဘောတူ ညီမှုနောက်သို့ လိုက်ပါလာရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ရေနံနှင့် သတ္တုတွင်း ဝန်ကြီးဋ္ဌာန ဝန်ကြီး ယူလိုဂျီယို ဒဲလ် ပီနို (Eulogio Del Pino) က ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ၎င်း၏ တွစ်တာ အကောင့်တွင် ရေးသားခဲ့သည်။

ထို့ပြင် သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စောင့်ကြည့်မည့် ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းရန် ရေနံဆိုင်ရာ ဝန်ကြီးများက ဆုံးဖြတ်ခဲ့ကြောင်း ဗင်နီဇွဲလား အမျိုးသား ရေနံ ကုမ္ပဏီဖြစ်သော PDVSA က သတင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

PDVSA ၏ ဥက္ကဋ္ဌလည်း ဖြစ်သော ဝန်ကြီး ဒဲလ် ပီနိုက အခြား အရေးပါသည့် အိုပက်အဖွဲ့ဝင် နိုင်ငံများနှင့် တွေ့ဆုံ၍ သဘောတူချက်အား ဆွေးနွေးရန် ဖေဖော်ဝါရီလ ၁၇ ရက်တွင် တီဟီရန်သို့ သွားရောက်မည် ဖြစ်သည်။

ဗင်နီဇွဲလား နိုင်ငံသည် လွန်ခဲ့သည့် ၁၂ လအတွင်း ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ မှ ၃၀ အောက်သို့ ထိုးကျသွားပြီးနောက် ၂၀၁၅ ခုနှစ် နှစ်လယ်ကတည်းက ၎င်းတို့၏ ရေနံထုတ်လုပ်မှု လျှော့ချမည် ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.