Connect with us

International Organizations

အာဆီယံနှင့် အမေရိကန် စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု မြှင့်တင်မည်

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ချို မရာ့ချ်၊ အမေရိကန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံ (ASEAN) များနှင့် စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး ပဏာမ ခြေလှမ်းသစ် စတင်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြား လိုက်သည်။

အမေရိကန်- အာဆီယံ ချိတ်ဆက်မှု (US- ASEAN Connect) ဟု အမည်တွင်သည့် ပဏာမ ခြေလှမ်းတွင် ဒေသတလျှောက်ရှိ နှစ်ဘက် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးသမားများ ချိတ်ဆက်ရန် အချက်အချာ ကွန်ရက် တစ်ခုအား အကောင်အထည် ဖော်မည် ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များနှင့် နှစ်ရက်ကြာ ပြုလုပ်သည့် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ အိုဘားမားက ပြောသည်။

“ကျယ်ပြန့် လှတဲ့ ခေတ်သစ် စီးပွားရေး၏ နှလုံးသား တစ်ခုဖြစ်တဲ့ စီးပွားရေး လုပ်ငန်းများနဲ့ ဆန်းသစ် တီထွင်မှု များကို အတူတကွ တွန်းအား ပေးသွားကြဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟု အိုဘားမားက ပြောသည်။

အမေရိကန်- အာဆီယံ ထိပ်သီး အစည်း အဝေးပြီးနောက် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုအား ထိန်းသိမ်း စောင့်ရှောက်ရန် လိုက်နာရမည့် အရေးပါသော မူဝါဒများ ချမှတ်နိုင်ရေးကို အလေးပေး ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်များ စုဝေးလျက် ပြုလုပ် သည့် ယခု အစည်းအဝေးမှာ တောင့်တင်း ခိုင်မာပြီး အဓွန့်ရှည် တည်တံ့သော မိတ်ဖက် ဆက်ဆံရေး တည်ဆောက် လိုသော သမ္မတ အိုဘားမား၏ အားထုတ်မှု အစိတ်အပိုင်း တစ်ရပ်ဟု ဆိုနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.