Connect with us

International Organizations

အမေရိကန် ပြည်ထောင်စု-အာဆီယံ ထိပ်သီး အစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၁၅ ခုနှစ် အာဆီယံ - အမေရိကန် ပြည်ထောင်စု ထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စု- အာဆီယံ (U.S- ASEAN) ထိပ်သီးအစည်းအဝေးအား အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Sunnylands Center ၌ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်တာ ကျင်းပမည် ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တောင်တရုတ် ပင်လယ် အပါအဝင် ရေကြောင်း အငြင်းပွား ဖွယ်ရာ ကိစ္စများ၊ ကုန်သွယ်ရေးနှင့် အခြား ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များ ဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန် ပြည်ထောင်စု- အာဆီယံ ထိပ်သီး အစည်းအဝေးအားဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရလဒ်များ ရရှိနိုင်မည် ဖြစ်ကြောင်း၊ သက်၏ဆိုင်ရာ နိုင်ငံများ၏ အကျိုးစီးပွား အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းနှင့် အမေရိကန် အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် အခြားနယ်ပယ်များနှင့် ဆိုင်သည့် မိတ်ဖက်များလည်း ရရှိနိုင်မည် ဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားသည်။

အမေရိကန် ပြည်ထောင်စု – အာဆီယံ ထိပ်သီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ် နိုင်ငံ စသည့် မိတ်ဖက်နိုင်ငံများလည်း တက်ရောက်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန် ကိုယ်စား ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံနှင့် အာဆီယံ အဖွဲ့အကြား မိတ်ဖက် ဆက်ဆံခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက စပြီး ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် အာဆီယံ – အမေရိကန် ပြည်ထောင် စု ထိပ်သီး အစည်းအဝေးအား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ လွန်ခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.