Connect with us

International Organizations

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ က ဘောလုံးအားကစားသည် မိမိတို့အားလုံး အမေှာင်ထု မှ ထွက်ခွာချိန် ပထမ အလင်းတန်းဖြစ်စေကြောင်း ပြောကြား

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ Thomas Bach က ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအပေါ် ယုံကြည်မှုရှိကြောင်း ထပ်မံပြောကြားခဲ့သည်။Thomas Bach က လတ်တလောရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် FIFA နှစ်ပတ်လည် အွန်လိုင်းထိပ်သီး အစည်းအဝေး ၌ အဖွင့်အမှာစကားပြောကြားရာတွင် အိုလံပစ် ပွဲတော်စတင်ကျင်းပချိန်တွင် အားကောင်းသော သတင်းတစ်ခုကို ထုတ်လွှင့်ပေးနိုင်မည်ဖြစ်ပြီး COVID-19 ကပ်ရောဂါကြီးကြောင့် ဥမင်လိုဏ်ခေါင်း အဆုံးသို့ရောက်ရှိနေသော မိမိတို့ အားလုံးအတွက် အလင်းတန်း တစ်ခုပေါ်ထွက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Thomas Bach က ဘောလုံးအားကစားသည် တိုကျိုအိုလံပစ် ပွဲတော်အတွက် ထူးခြားသည့် သဘောသက်ရောက်မှုရှိကြောင်း ၊ အဘယ်ကြောင့်ဆိုသော် အိုလံပစ်ဘောလုံးအားကစားပြိုင်ပွဲ သည် အိုလံပစ်ပြိုင်ပွဲ တရားဝင် မစတင်မီ အနည်းငယ်စော၍ ပြိုင်ပွဲကျင်းပသွားမည် ဖြစ်သောကြောင့် ဘောလုံးအားကစားသည် ဂျပန်နိုင်ငံ မှနေ၍ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူသားများအတွက် ပထမဆုံး ပေးစွမ်းမည့် အလင်းတန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုကျိုအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ တိုကျိုအိုလံပစ် ပြိုင်ပွဲအစီအစဉ်များအနက် ဘောလုံးအားကစားပြိုင်ပွဲကို ဇူလိုင် ၂၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ အမျိုးသမီးဘောလုံးအသင်းသည် Miyagi အားကစားကွင်းတွင် ဘရာဇီး ဘောလုံးအသင်းနှင့် ပွဲဦးထွက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ Thomas Bach က FIFA အနေဖြင့် လွန်စွာကြီးကျယ်ခန်းနားသော ပုံစံမျိုးဖြင့် မိမိတို့နှင့်အတူရှိနေခြင်းက အားအင်ပိုမိုတောင့်တင်းစေသည်ကို ပြသရာရောက်သည့်အတွက် ကျေးဇူးတင်ကြောင်း ၊ ယင်းသည် မိမိတို့ အတွက် COVID-19 ရောဂါ အန္တရာယ်ကြားမှ ရရှိခဲ့သော သင်ခန်းစာ ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ပိုမိုကြီးမားသည့် စည်းလုံးညီညွတ်မှုကို ပြသရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
FIFA ဥက္ကဋ္ဌ Gianni Infantino က တိုကျိုအိုလံပစ်ပွဲတော် အပေါ်ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Gianni Infantino က အိုလံပစ်ပွဲတော်သည် လူတို့အား မျှော်လင့်ချက် နှင့် ပျော်ရွှင်မှုတို့ကို ပေးစွမ်း နိုင်ပြီး မိမိတို့အနေဖြင့် တိုကျိုအိုလံပစ်ပွဲတော်ကို လုံခြုံသည့် ပတ်ဝန်းကျင်အောက်တွင် ကျင်းပသွားမည့်အပေါ် အပြည့်အဝေ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Gianni Infantino က မိမိတို့အနေဖြင့် အတိုင်းအတာတစ်ခု အထိ အကန့်အသတ် ရှိနေမည်ကို သိရှိပြီး လိုက်နာသွားမည်ဖြစ်ကြောင်း ၊ အိုလံပစ်ပွဲတော် စတင်ကျင်းပချိန်တွင် အငြင်းပွားမှုများမှာလည်း ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————————-
(Chinese Version)

(体育)国际奥委会主席巴赫:足球将是我们走出隧道的第一道曙光

新华社北京5月23日电 国际奥委会主席托马斯•巴赫近日重申了对日本东京奥运会的信心。
巴赫日前在国际足联年度“虚拟峰会”开幕式上表示:“当奥运会开幕时,它将发出一个强有力的信息——将给因新冠病毒大流行而处于隧道尽头的我们发出一束光。”

他说,足球将在东京奥运会中扮演特殊的角色,因为奥运会足球比赛在奥运会开幕式前几天就将开赛,足球将成为从日本照亮世界数亿人的第一道曙光。

东京奥运会将于7月23日开幕。根据东京奥运会赛程安排,足球比赛则于7月21日开始,其中中国女足将在宫城体育场迎战巴西队。
“感谢国际足联用一种伟大的方式证明我们在一起更强大。这是我们从新冠病毒危机中吸取的教训。我们需要更大的团结。”他说。
国际足联主席因凡蒂诺也对东京奥运会投出信任票。
他说:“奥运会给人们带来希望和欢乐,我们完全支持东京奥运会在一个安全的环境中举行。”
“我们知道这将涉及一定限制, 但我们会遵守。随着奥运会的开幕,争论也将停止。”因凡蒂诺说。(完)

Photo
3月10日,在瑞士洛桑,现任国际奥委会主席巴赫在成功连任后发表讲话。当日,国际奥委会第137次全会以视频会议的形式召开,在国际奥委会主席选举中,作为唯一候选人的巴赫成功连任,这位67岁的德国人将继续执掌这一全球最大体育机构至2025年。 新华社发(国际奥委会供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.