Connect with us

International Organizations

အီးယူ က အီရန် နိုင်ငံ အား ပိတ်ဆို့အရေးယူရန် ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ က တုံ့ပြန် ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာ

အီးယူ အဖွဲ့အစည်း အဖွဲ့ဝင် များ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အီးယူ က ဇန်နဝါရီ ၉ ရက် တွင် အီရန် နိုင်ငံ ၏ သတင်းအချက်အလက် ဌာန တစ်ခု နှင့် လူပုဂ္ဂိုလ် နှစ်ဦး တို့ အား အကြမ်းဖက် ဝါဒ စာရင်း အတွင်း ထည့်သွင်း ခဲ့ပြီး ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ကာ အီရန် နိုင်ငံ တုံ့ပြန် ဆောင်ရွက်မှု ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အီးယူ က အီရန် နိုင်ငံ ၏ သတင်းအချက်အလက် နှင့် လုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ လုံခြုံရေး ဌာန ကို ပိတ်ဆို့အရေးယူခြင်း ဖြစ်ကြောင်း ၊ ပိတ်ဆို့အရေးယူမှု က ဇန်နဝါရီ ၉ ရက် မှ စတင်၍ စတင် အသက်ဝင်ကြောင်း ၊ ယခု ကဲ့သို့ ဆောင်ရွက်ရခြင်း မှာ အီးယူ နိုင်ငံများ အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာချက် တွင် စုံစမ်းမှု အရ အီရန် နိုင်ငံ သတင်းအချက်အလက် ဌာန က ၂၀၁၅ ခုနှစ် နှင့် ၂၀၁၇ တို့တွင် နယ်သာလန် နိုင်ငံ တို့၌ လူ ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရမှု တွင် ပါဝင် ခဲ့ကြောင်း ၊ ထို့ပြင် အီရန် နိုင်ငံ က ပြင်သစ် ပဲရစ် တွင် ဖြစ်ပွား ခဲ့သည့် ဗုံးဖောက်ခွဲမှု နှင့် ဒိန်းမတ် တွင် ဖြစ်ပွား ခဲ့သည့် လုပ်ကြံသတ်ဖြတ်မှု တွင်လည်း ပတ်သက်ဆက်နွယ်မှုရှိကြောင်း ပါဝင် ခဲ့သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၉ ရက် ၌ အီးယူ ၏ အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ပြောကြားကြောင်း ၊ အီးယူ ၏ ဆောင်ရွက်မှု က အံ့အားသင့်ဖွယ်ကောင်း ပြီး သက်သေ အထောက်အထား မရှိသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှု ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.