Connect with us

International Organizations

ဂျာမနီ အပါအဝင် နိုင်ငံ ၅ နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျအဖွဲ့ဝင် များ အဖြစ် စတင် တာဝန်ယူ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အစည်းအဝေး ကျင်းပပြုလုပ် နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဂျာမနီ ၊ ဒိုမီနီကန် ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ နှင့် အင်ဒိုနီးရှား စသည့် နိုင်ငံ ၅ နိုင်ငံ က ဇန်နဝါရီ ၂ ရက် မှ စတင်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျအဖွဲ့ဝင် အဖြစ် တရားဝင် စတင် တာဝန်ယူကြမည် ဖြစ်ကြောင်း သိရှိရသည်။

အထက်ပါ ၅ နိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ အလှည့်ကျအဖွဲ့ဝင် အဖြစ် တာဝန်ယူသွားကြမည်ဖြစ်ကြောင်း ၊ အခြား အလှည့်ကျအဖွဲ့ဝင် များ ဖြစ်ကြသည့် ပိုလန် ၊ အိုင်ဗရီကို့စ် ၊ ကူဝိတ် ၊ ပီရူး နှင့် ဂီနီ စသည့် နိုင်ငံ ၅ နိုင်ငံ ၏ တာဝန်ချိန် မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ချိန်တွင် ကုန်ဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် အဖွဲ့ဝင် နိုင်ငံ ပေါင်း ၁၅ နိုင်ငံ ရှိပြီး တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံ တို့က အမြဲတန်း အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန် အဖွဲ့ဝင် များက အလှည့်ကျအဖွဲ့ဝင် နိုင်ငံ များ ဖြစ်ကြကြောင်း ၊ အလှည့်ကျအဖွဲ့ဝင် များ၏ တာဝန်ယူချိန် မှာ ၂ နှစ်ဖြစ်ပြီး ၁ နှစ် တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပ ကာ အလှည့်ကျအဖွဲ့ဝင် ပြောင်းလဲတာဝန်ယူမှု ပြုလုပ်ကြောင်း ၊ အလှည့်ကျအဖွဲ့ဝင် နေရာ ၁၀ နေရာ အား ဒေသ အလိုက် ခွဲဝေမှု ပြုလုပ်ခြင်းဖြစ်ပြီး အာဖရိကဒေသ မှ ၃ နေရာ ၊ အာရှ-ပစိဖိတ်ဒေသ ၊ လက်တင်အမေရိကန် နှင့် ကာရစ်ဘီယံ ဒေသ ၊ အနောက်ဥရောပ နှင့် အခြား ဒေသ စသည့် ဒေသ အသီးသီး မှ ၂ နေရာစီ နှင့် အရှေ့ဥရောပ မှ ၁ နေရာစီ ခွဲဝေမှု ပြုလုပ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.