Connect with us

International Organizations

အမေရိကန်က လာမည့်နှစ် ဇူလိုင်တွင် WHOမှ နုတ်ထွက်မည်ဟု ကုလသမဂ္ဂထံ တရားဝင် အကြောင်းကြားစာပေးပို့ 

အမေရိကန် သမ္မတ ထရမ့်အား မေ ၂၉ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက လာမည့်နှစ် ဇူလိုင်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နုတ်ထွက်သွားမည်ဆိုသည့် တရားဝင်အကြောင်းကြာစာတစ်စောင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ထံသို့  ဇူလိုင် ၆ ရက်တွင် ပေးပို့လာသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ 

၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် WHOမှ နုတ်ထွက်မည်ဟု အမေရိကန်က ဂူတာရက်စ်ထံသို့ ဇူလိုင် ၆ ရက်က တရားဝင်အကြောင်းကြားစာ ပေးပို့ထားကြောင်း Dujarricက အီမေးလ်မှတစ်ဆင့် မီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။ ထိုသို့ နုတ်ထွက်ရန် တောင်းဆိုချက်မှာ လုပ်ထုံးလုပ်နည်းကိုက်ညီမှုရှိမရှိကို ဂူတာရက်စ်က WHOတွင် အတည်ပြုရန် စိစစ်လျက်ကြောင်း သိရသည်။ 

Dujarricက အမေရိကန်နိုင်ငံသည် ၁၉၄၈ ခုနှစ် ဇွန် ၂၁ ရက်မှစ၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းပုံ ဥပဒေတွင် ပါဝင်စာချုပ်ချုပ်ဆိုသည့် နိုင်ငံဖြစ်ကြောင်း၊ WHOတွင် ပါဝင်စဉ်အချိန်က သတ်မှတ်ချက်များအရ အမေရိကန်နိုင်ငံသည် WHOမှ တရားဝင်နုတ်ထွက်ရန် တစ်နှစ်ကြိုအကြောင်းကြားရမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ဝတ္တရားများကို ပြည့်စုံစွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။ 

WHOမှ နုတ်ထွက်ရန် သမ္မတထရမ့်က လွှတ်တော်ကို တရားဝင်အကြောင်းကြားခဲ့သည်ဟု  အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် Menendezက ဇူလိုင် ၇ ရက် တွင် ပြောကြားခဲ့သည်။ 

ယခုလုပ်ဆောင်ချက်က အမေရိကန် ပြည်သူများ၏ အသက်ကို ကာကွယ်မပေးနိုင်သလို အမေရိကန်၏ အကျိုးစီးပွားကိုလည်း အကာအကွယ် မပေးနိုင်ကြောင်း ၊ ပြည်သူများကို ပို၍ ထိခိုက်စေသလို နိုင်ငံကိုလည်း တစ်သီးတစ်ခြားဖြစ်စေကြောင်း Menendezက ဆိုသည်။ 

အမေရိကန်၏ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကို WHOက ငြင်းဆိုခဲ့ခြင်းကြောင့် WHOနှင့်ဆက်ဆံရေးကို ရပ်တန့်ပစ်မည်ဖြစ်ကြောင်း နှင့်  မူလပေးသွင်းရမည့် အဖွဲ့ဝင်ကြေးကို အခြားနေရာသို့ ပြောင်းပစ်မည်ဟု ထရမ့်က မေ ၂၉ ရက် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

၎င်း၏လုပ်ဆောင်ချက်ကို နိုင်ငံတကာအသိုက်အဝန်းနှင့် အမေရိကန်နိုင်ငံပြည်တွင်းက ပြင်းထန်စွာ ဝေဖန်မှုများရှိခဲ့သည်။ ဝေဖန်သုံးသပ်သူအချို့က ထရမ့်သည် အမေရိကန်အစိုးရ၏ ကပ်ရောဂါ ထိန်းချုပ်ရေးကိုင်တွယ်မှု ပျော့ညံချက်ကို အပြစ်လွှဲဖို့ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းမှာ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးရာရောက်ကြောင်း ဆိုသည်။ 

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စုစည်းထားသည့် ကိန်းဂဏန်းများအရ ဇူလိုင် ၇ ရက် အမေရိကန် ရှေ့ပိုင်းစံတော်ချိန် ၁၈ နာရီအထိ  အမေရိကန်နိုင်ငံတွင် COVID-19ရောဂါ စုစုပေါင်း အတည်ပြုလူနာ ၂.၉၈ သန်း ရှိပြီး သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။(Xinhua)

 ………………………………………………

(Zawgyi Version)

 

အေမရိကန္က လာမည့္ႏွစ္ ဇူလိုင္တြင္ WHOမွ ႏုတ္ထြက္မည္ဟု ကုလသမဂၢထံ တရားဝင္ အေၾကာင္းၾကားစာေပးပို႔ 

 

ကုလသမဂၢ၊ ဇူလိုင္ ၈ ရက္(ဆင္ဟြာ)

 

အေမရိကန္ႏိုင္ငံက လာမည့္ႏွစ္ ဇူလိုင္လတြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)မွ ႏုတ္ထြက္သြားမည္ဆိုသည့္ တရားဝင္အေၾကာင္းၾကာစာတစ္ေစာင္ကို ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္ ထံသို႔  ဇူလိုင္ ၆ ရက္တြင္ ေပးပို႔လာသည္ဟု ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarricက ဇူလိုင္ ၇ ရက္တြင္ ေျပာၾကားခဲ့သည္။ 

 

၂၀၂၁ ခုႏွစ္ ဇူလိုင္ ၆ ရက္တြင္ WHOမွ ႏုတ္ထြက္မည္ဟု အေမရိကန္က ဂူတာရက္စ္ထံသို႔ ဇူလိုင္ ၆ ရက္က တရားဝင္အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း Dujarricက အီေမးလ္မွတစ္ဆင့္ မီဒီယာမ်ားကို အတည္ျပဳေျပာၾကားခဲ့သည္။ ထိုသို႔ ႏုတ္ထြက္ရန္ ေတာင္းဆိုခ်က္မွာ လုပ္ထုံးလုပ္နည္းကိုက္ညီမႈရွိမရွိကို ဂူတာရက္စ္က WHOတြင္ အတည္ျပဳရန္ စိစစ္လ်က္ေၾကာင္း သိရသည္။ 

 

Dujarricက အေမရိကန္ႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ ဇြန္ ၂၁ ရက္မွစ၍ ကမာၻ႔ က်န္းမာေရးအဖြဲ႕ ဖြဲ႕စည္းပုံ ဥပေဒတြင္ ပါဝင္စာခ်ဳပ္ခ်ဳပ္ဆိုသည့္ ႏိုင္ငံျဖစ္ေၾကာင္း၊ WHOတြင္ ပါဝင္စဥ္အခ်ိန္က သတ္မွတ္ခ်က္မ်ားအရ အေမရိကန္ႏိုင္ငံသည္ WHOမွ တရားဝင္ႏုတ္ထြက္ရန္ တစ္ႏွစ္ႀကိဳအေၾကာင္းၾကားရမည္ျဖစ္ၿပီး ဘ႑ာေရးဆိုင္ရာ ဝတၱရားမ်ားကို ျပည့္စုံစြာ ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ဆိုသည္။ 

 

WHOမွ ႏုတ္ထြက္ရန္ သမၼတထရမ့္က လႊတ္ေတာ္ကို တရားဝင္အေၾကာင္းၾကားခဲ့သည္ဟု  အေမရိကန္ အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီ ဒုတိယ ဥကၠ႒၊ ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္အမတ္ Menendezက ဇူလိုင္ ၇ ရက္ တြင္ ေျပာၾကားခဲ့သည္။ 

ယခုလုပ္ေဆာင္ခ်က္က အေမရိကန္ ျပည္သူမ်ား၏ အသက္ကို ကာကြယ္မေပးႏိုင္သလို အေမရိကန္၏ အက်ိဳးစီးပြားကိုလည္း အကာအကြယ္ မေပးႏိုင္ေၾကာင္း ၊ ျပည္သူမ်ားကို ပို၍ ထိခိုက္ေစသလို ႏိုင္ငံကိုလည္း တစ္သီးတစ္ျခားျဖစ္ေစေၾကာင္း Menendezက ဆိုသည္။ 

 

အေမရိကန္၏ ျပဳျပင္ေျပာင္းလဲေရး ေတာင္းဆိုမႈမ်ားကို WHOက ျငင္းဆိုခဲ့ျခင္းေၾကာင့္ WHOႏွင့္ဆက္ဆံေရးကို ရပ္တန႔္ပစ္မည္ျဖစ္ေၾကာင္း ႏွင့္  မူလေပးသြင္းရမည့္ အဖြဲ႕ဝင္ေၾကးကို အျခားေနရာသို႔ ေျပာင္းပစ္မည္ဟု ထရမ့္က ေမ ၂၉ ရက္ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ 

၎၏လုပ္ေဆာင္ခ်က္ကို ႏိုင္ငံတကာအသိုက္အဝန္းႏွင့္ အေမရိကန္ႏိုင္ငံျပည္တြင္းက ျပင္းထန္စြာ ေဝဖန္မႈမ်ားရွိခဲ့သည္။ ေဝဖန္သုံးသပ္သူအခ်ိဳ႕က ထရမ့္သည္ အေမရိကန္အစိုးရ၏ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးကိုင္တြယ္မႈ ေပ်ာ့ညံခ်က္ကို အျပစ္လႊဲဖို႔ရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းႏွင့္ ၎မွာ ႏိုင္ငံတကာ ျပည္သူ႔က်န္းမာေရးက႑ပူးေပါင္းေဆာင္႐ြက္မႈကို ဖ်က္ဆီးရာေရာက္ေၾကာင္း ဆိုသည္။ 

 

ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ စုစည္းထားသည့္ ကိန္းဂဏန္းမ်ားအရ ဇူလိုင္ ၇ ရက္ အေမရိကန္ ေရွ႕ပိုင္းစံေတာ္ခ်ိန္ ၁၈ နာရီအထိ  အေမရိကန္ႏိုင္ငံတြင္ COVID-19ေရာဂါ စုစုေပါင္း အတည္ျပဳလူနာ ၂.၉၈ သန္း ရွိၿပီး ေသဆုံးသူ ၁၃၀,၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.