International Organizations
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က အစ္စရေး နိုင်ငံ ၏ အခြေချနေထိုင်ခြင်း ဆောင်ရွက်မှု ကို အလေးထား စောင့်ကြည့် နေကြောင်း ပြောကြား
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က အစ္စရေး နိုင်ငံ အစိုးရ ၏ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းတွင် အတိုင်းအတာ ပမာဏ ကြီးမားစွာ အခြေချ နေထိုင်ခြင်း ဆောင်ရွက်မှု ပြုလုပ်နေသည် ကို ကြေညာ ခဲ့သည့် အပေါ် အလေးထား စောင့်ကြည့် နေကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့ က ပြောရေးဆိုခွင့် ရှိသူ မှ တစ်ဆင့် ထုတ်ပြန် ခဲ့သည်။
ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ အနေဖြင့် နှစ်နိုင်ငံ မူဝါဒရေးရာ ဖော်ဆောင်မှု ကို အနှောက်အယှက် ဖြစ်စေမည့် ဆောင်ရွက်မှု များကို မပြုလုပ်ရန် သတိပေးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် နှင့် နိုင်ငံတကာ ဥပဒေ များအရ ဆွေးနွေးခြင်း ဖြင့် ပြဿနာ များကို ဖြေရှင်းသွားကြရန် တိုက်တွန်းကြောင်း ပါဝင် ခဲ့သည်။
အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Netanyahu နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီး Lieberman တို့က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ဂျူးလူမျိုးများ အခြေချ နေထိုင်ရန် နေအိမ်ပေါင်း ၂၅၀၀ တည်ဆောက်သွားရန် ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ခွင့်ပြုခဲ့ကြပြီး ဖေဖော်ဝါရီ ၃၁ ရက်နေ့က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် နေအိမ် ၃၀၀၀ ထက်မံတည်ဆောက်သွားရန် ကိုလည်း ခွင့်ပြုခဲ့ကြသည်။
ဂျူးလူမျိုးများ အခြေချနေထိုင်ခြင်း ဆောင်ရွက်မှု ပြဿနာ သည် အစ္စရေး နှင့် ပါလက်စတိုင်း အကြား တည်ရှိနေသည့် အဓိက ပြဿနာ တစ်ရပ်ဖြစ်သည်။ ၁၉၆၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် တတိယ အကြိမ် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်း အစ္စရေး နိုင်ငံ တပ်ဖွဲ့ တို့မှ အစ္စရေး နိုင်ငံ Green Line ပြင်ပ ရှိနယ်မြေများ ဖြစ်သည့် ဂျေရုဆလင်မြို့ အရှေ့ပိုင်း နှင့် ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း ဒေသ များကို သိမ်းပိုက်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျူးလူမျိုးများသည် ယင်းဒေသများတွင် အခြေချနေထိုင်ရန် အဆောက်အအုံများကို တည်ဆောက်မှုများ ပြုလုပ် ခဲ့ကြသည်။ နိုင်ငံတကာ အတိုင်းအဝိုင်း နှင့် ပါလက်စတိုင်း နိုင်ငံ တို့မှ ဂျူးလူမျိုးများအနေဖြင့် အထက်ဖော်ပြရာ နေရာများတွင် အခြေချနေထိုင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကို ချိုးဖောက်ရာ ရောက်ကြောင်း သတ်မှတ်ခဲ့ကြသည်။(Xinhua)