Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က အမေရိကန် အနေဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ် ကို ဖျက်သိမ်းရန် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က အမေရိကန် နိုင်ငံ မှ အသစ် ထုတ်ပြန် လိုက်သည့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ် သည် အမေရိကန် နိုင်ငံ ကို ကာကွယ်ရန် သို့မဟုတ် အခြားနိုင်ငံများမှ အကြမ်းဖက် တိုက်ခိုက်မှု မခံရရန် ဆောင်ရွက်သည့် အကောင်းဆုံးနည်းလမ်း မဟုတ်ဘဲ ဤဆောင်ရွက်မှု ကို အမြန်ဆုံး ပယ်ဖျက်သင့်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့ က ပြောကြား ခဲ့သည်။

ဂူတာရက်စ် က ကုလသမဂ္ဂ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မိမိ၏ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများအရ အခြေအနေ အရပ်ရပ် အောက်တွင် ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်း သာလျှင် ဒုက္ခသည်များကို ကာကွယ်မှု ပေးနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းပုံ နည်းလမ်းဖြစ်ကြောင်း ၊ ထို့ကြောင့် မိမိ အနေဖြင့် အမေရိကန် မှ ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးခြင်း အပေါ်တွင် မူလက ခိုင်မြဲစွာ လုပ်ဆောင်ခဲ့သည့် ကာကွယ်ရေး ဆောင်ရွက်မှု များအတိုင်း မူဝါဒကို ပြန်လည် ပြုပြင်ပေးရန် အပြင်းအထန် တောင်းဆိုကြောင်း ၊ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များမှ ဤဖြစ်စဉ် အတွင်း ငြင်းပယ်ခြင်း ခံရသည်ကို မလိုလားကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဂူတာရက်စ် က မိမိ အနေဖြင့် အစဉ်အလာအတိုင်း သင့်လျှော်သည့် အချိန်အခါ တွင် ဝါရှင်တန် သို့ သွားရောက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ဇန်နဝါရီ ၂၇ ရက်နေ့က ဥပဒေ ပြဌာန်းချက် အသစ် ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုပြဌာန်းချက်အရ အမေရိကန် နိုင်ငံ သည် ရက်ပေါင်း ၁၂၀ အတွင်း ဒုက္ခသည်များ အားလုံး အမေရိကန် နိုင်ငံသို့ ဝင်ရောက်မှု ကို တားမြစ်မည် ဖြစ်ကြောင်း ၊ ရက်ပေါင်း ၉၀ အတွင်း အီရန် ၊ ဆူဒန် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆိုမာလီယာ ၊ ယီမင် နှင့် အီရတ် နိုင်ငံသားများ အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခြင်းကို တားမြစ်မည် ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များ အမေရိကန် သို့ဝင်ရောက်ခြင်းကို အကန့်အသတ် မရှိ တားမြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.