Connect with us

International Organizations

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆီးရီးယားနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ခြွင်းချက်မရှိ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ကြရန် တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အစည်းအဝေး ခန်းမ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆီးရီးယား ပြဿနာ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Demistula အား ဆီးရီးယား ပြဿနာ ဆိုင်ရာ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန်ဆုံး ပြန်လည် စတင်ရန် နှင့် ဆီးရီးယားနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ခြွင်းချက်မရှိ ဆွေးနွေးပွဲ ကို တက်ရောက်ကြရန် တိုက်တွန်းကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် လုံခြုံရေး ကောင်စီအနေဖြင့် Astana ဆွေးနွေးပွဲ ကို ထောက်ခံအားပေးပြီး ဤ ဆွေးနွေးပွဲ ဟာ ငြိမ်းချမ်းရေး ကို ပိုမို ခိုင်မာစေမည် ဖြစ်ပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အရေးပါသော ခြေလှမ်း တစ်ခု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သည် ဇန်နဝါရီ ၃၁ ရက်နေ့က တံခါးပိတ် အစည်းအဝေး တစ်ရပ် ကျင်းပ ခဲ့ပြီးနောက် တွင် Demistula က မူလက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျင်းပ ရန်စီစဉ်ထားသည့် ဆီးရီးယား ပြဿနာ ဆိုင်ရာ ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Demistula က ယခု ကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းသည် Astana ဆွေးနွေးပွဲ ရလာဒ် ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်ဖြစ်ပြီး လက်ရှိ ဆီးရီးယား နိုင်ငံ အတွင်း ရရှိပြီး ဖြစ်သည့် ငြိမ်းချမ်းရေး အခြေအနေ များကို ခိုင်မာ စေရန် ဖြစ်ကြောင်း ၊ ထို့ပြင် ဆွေးနွေးပွဲ ကို နောက်ဆုတ်ခြင်းသည် ဆီးရီးယား အတိုက်အခံ ဘက်မှ သူများကို ပြင်ဆင်ချိန် ပိုမို ရရှိစေလိုခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား ၊ တူရကီ နှင့် အီရန် နိုင်ငံ တို့မှ ပူးပေါင်း၍ ဆီးရီးယား ပြဿနာ ဆွေးနွေးပွဲ ကို ဇန်နဝါရီ ၂၄ ရက်က ကာဇက်စတန် နိုင်ငံ မြို့တော် Astana တွင်ကျင်းပခဲ့သည်။ အထက်ပါ ၃ နိုင်ငံ မှ ဆွေးနွေးပွဲ အပြီး ပူးပေါင်း ထုတ်ပြန်ချက်တွင် ဤ ၃ နိုင်ငံ က ဆီးရီးယား ငြိမ်းချမ်းရေး သုံးနိုင်ငံ ပူးပေါင်းစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.