Connect with us

Latin America

ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးအမေရိကန်နိုင်ငံသား ကွယ်လွန်

၁၉၉၈ခုနှစ်တွင် လွှတ်တော်အမတ်အဖြစ် ဂျွန်ဂလန်း သတင်းထောက်များအား မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ/AFP)

ဝါရှင်တန်၊ ဒီဇင်ဘာ ၉ရက် (ဆင်ဟွာ)
ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဂျွန်ဂလန်း သည် အသက် ၉၅နှစ်အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အမေရိကန်အာကာသအေဂျင်စီ NASA က ဂလန်း သည် ကိုလံဘတ်မြို့ရှိ Ohio ပြည်နယ်တက္ကသိုလ် Wexner ဆေးကုသရေးစင်တာ၌ ဒီဇင်ဘာ ၈ရက်က ကွယ်လွန်ခဲ့ကြောင်းပြောကြားခဲ့သည်။

NASA က ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည့် ပထမဆုံးအမေရိကန်နိုင်ငံသား ဂျွန်ဂလန်း ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းရပါကြောင်း နှင့် ဂလန်းသည် စစ်မှန်သည့် အမေရိကန် အာကာသသူရဲကောင်းတစ်ဦးဖြစ်ကြောင်း အေဂျင်စီ၏တွစ်တာ၌ရေးသားခဲ့သည်။
ဂလန်းအား Ohioပြည်နယ်တွင် ၁၉၂၁ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၆၂ခုနှစ်တွင် ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးအမေရိကန်နိုင်ငံသား နှင့် အာကာသအတွင်းသို့ ရောက်ရှိခဲ့သည့် ငါးဦးမြောက် လူသားဖြစ်လာခဲ့ကြောင်း သိရသည်။

NASA က ဂလန်းသည် Friendship 7ဖြင့် ၁၉၆၂ခုနှစ် ဖေဖော်ဝါရီ ၂၀တွင် အာကာသအတွင်းသို့ ပျံသန်းပြခဲ့ပြီး အမေရိကန်နိုင်ငံသည် အာကာသပြိုင်ပွဲ၌ ဆိုဗီယက်ယူနီယံ ၏ အမှန်တကယ်ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ကမ္ဘာအားပြသနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ထို့သို့ ပျံသန်းပြနိုင်ခြင်းက ဂလန်းအား သူရဲကောင်းတစ်ယောက် ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂလန်းသည် NASA မှအနားယူပြီးနောက် အမေရိကန်နိုင်ငံ Ohioပြည်နယ် လွှတ်တော်အမတ်အဖြစ် လေးကြိမ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၁၉၉၈ခုနှစ်တွင် ၇၇နှစ်အရွယ်ရှိပြီဖြစ်သော ဂလန်းသည် အာကာသအတွင်းသို့ရောက်ရှိသည့် အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းဝင်နိုင်ရန်အတွက် အာကာသအတွင်းသို့ အခြားအာကာသယာဉ်မှူး ၆ဦးနှင့်အတူ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.