Latin America
ကိုပါ အမေရိကားဖလားနှင့် အိုလံပစ်ပြိုင်ပွဲ နှစ်မျိုးစလုံးတွင် ပါဝင် ကစားလိုကြောင်း နေမာပြော

ရီယိုဒီဂျနေရို ၊ ဧပြီ ၅ ရက် ( ဆင်ဟွာ )
ဘရာဇီးရှေ့တန်းတိုက်စစ်မှူး နေမာသည် မိခင်ကလပ် ဘာစီလိုနာ အသင်းမှ ပိတ်ပင်မှုများ ပြုလုပ်နေလင့်ကစား လာမည့် ကိုပါ အမေရိကားဖလားနှင့် အိုလံပစ်ပြိုင်ပွဲ နှစ်မျိုးစလုံးတွင် ပါဝင် ကစားလိုကြောင်း ၂ဝ၁၆ ခုနှစ် ဧပြီလ ၄ ရက်က ပြောကြားခဲ့သည်။
ဘာစီလိုနာ အသင်းဥက္ကဋ္ဌ Jose Bartomeu က နေမာ အနေဖြင့် ပြိုင်ပွဲ နှစ်ခုစလုံးတွင် သွားရောက် ကစားရန်မှာ မဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ သို့သော် နေမာ၏ အေဂျင့်ဖြစ်သူ ဘရာဇီးလူမျိုး Wagner Ribeiro က ဘာစီလိုနာ အသင်းမှမည်သို့သော ပိတ်ပင်မှုများ ပြုလုပ်နေပါစေ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးသည့် နေမာအနေဖြင့် ပြိုင်ပွဲ ၂ ခုစလုံးတွင် ပါဝင် ကစားခွင့်ရရန် မျှော်လင့်ချက်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“နေမာက ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ခွင့် ရချင်တယ်။ ဒါကြောင့် ဘာစီလိုနာ အသင်းနဲ့ ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အဲဒီပြိုင်ပွဲ ၂ ခုထဲက တစ်ခုကိုပဲ ရွေးချယ်ဖို့အသင်းက ပြောထားပါတယ်။ ဒါပေမယ့် နေမာ ကတော့ ပြိုင်ပွဲ၂ ခု စလုံးမှာ ပါဝင်ကစားဖို့ဆုံးဖြတ်ထားပြီးပါပြီ ” ဟု Globo သတင်းစာသို့Ribeiro ကပြောကြားခဲ့သည်။
ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၃ ရက် မှ ၂၆ ရက်ထိ အမေရိကန် နိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသွားရန် ရှိနေသည်။ အိုလံပစ် ဘောလုံးပြိုင်ပွဲများကို ဘရာဇီး နိုင်ငံအတွင်းရှိ မြို ့ကြီး ၆ မြို့တွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃ ရက် မှ ၂ဝ ရက်အထိ ယှဉ်ပြိုင် ကစားကြရန် ရှိကြောင်း သိရသည်။ ( Xinhua )