Connect with us

Latin America

ကိုလံဘီယာနိုင်ငံတွင် ဘတ်စ်ကားချောက်ထဲထိုးကျမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

ချောက်ထဲထိုးကျနေသည့် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း Boyaca ပြည်နယ် San Mateoမြို့တွင် ဒီဇင်ဘာ ၂၆ ရက်က ဘတ်စ်ကားတစ်စီးချောက်ထဲပြုတ်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ ယာဉ်ထိန်းရဲဌာန၏ အဆိုပါနေ့ သတင်းများအရ သိရသည်။

ဒဏ်ရာရသူအများစုမှာ ဒေသခံတောင်သူလယ်သမားများဖြစ်ကြောင်း ၊ဒဏ်ရာရသူများကို San Mateoမြို့ရှိဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီဖြစ်ကြောင်း သတင်းများအရ ဆိုသည်။

မော်တော်ယာဉ်မှာ စက်ချို့ယွင်းမှုဖြစ်ပွားရာမှ အရှိန်မထိန်းနိုင်ဘဲ တောင်ချောက်ကမ်းပါးသို့ ထိုးကျခဲ့ကြောင်း သိရသည်။

ကနဦးစုံစမ်းစစ်ဆေးချက်များအရ အချင်းဖြစ်ပွားသည့် ဘတ်စ်ကားမှာ နှစ်အတန်ကြာပြင်ဆင်မှု မရှိကြောင်း နှင့်တရားမဝင်ခရီးသည်တင်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံရဲဘက်ဆိုင်ရာက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.