Connect with us

Latin America

ကျူးဘားတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၇ဦးသေ၊ ၃၃ဦး ဒဏ်ရာရရှိ

ကျူးဘားနိုင်ငံတွင် တိမ်းမှောက်ခဲ့သည့် ဘတ်စ်ကားနှင့် သေဆုံးသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗာနား၊ ဇန်နဝါရီ ၁၂ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အရှေ့ပိုင်း တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၄ဦးအပါအဝင် လူ ၇ဦးသေဆုံးပြီး အခြားလူ ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဇန်နဝါရီ ၁၁ရက်တွင် ဖော်ပြခဲ့သည်။

သေဆုံးသူများတွင် အာဂျင်တီးနား အမျိုးသမီး ၂ဦး၊ ဂျာမနီတစ်ဦး နှင့် ပြင်သစ် တစ်ဦး ပါဝင်ကြောင်း သိရသည်။ ယင်းမတော်တဆမှု တွင် ကျူးဘားလူမျိုး ၃ဦး လည်းသေဆုံးခဲ့ကြောင်း Radio Guantanamo ကဖော်ပြခဲ့သည်။အဆိုပါ ဘတ်စ်ကားအား Via Azul ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး အာဂျင်တီးနား၊ ကနေဒါ၊ စပိန်၊ အမေရိကန်၊ ပြင်သစ်၊ နယ်သာလန် နှင့် မက္ကဆီကို နိုင်ငံများမှ နိုင်ငံခြားသား ၂၂ဦးအပါအဝင် ခရီးသည် ၄၀ဦးကို တင်ဆောင်လာကြောင်း သိရသည်။

ယာဉ်မတော်တဆမှုသည် Guantanamo မြို့ နှင့် Baraco မြို့ ကိုဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။မျက်မြင်တွေ့ရှိခဲ့သူများက ယာဉ်မောင်းသည် အခြားယာဉ်တစ်စီးအားကျော်တက်ရန် ကြိုးစားစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ယာဉ်မောင်းက ဘတ်စ်ကားအား အရှိန်အနည်းငယ် ဖြင့် မောင်းနှင်လာသော်လည်း အဝေးပြေးလမ်းမသည် ကောက်ကွေ့ပြီးချောနေ၍ ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်သွားကြောင်း ပြောကြားခဲ့သည်။ဒဏ်ရာရရှိသူအများစုသည် အရိုးကျိုးမှု နှင့် အညိုအမဲစွဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ပြည်ထဲရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများက ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.