Connect with us

Latin America

ပီရူးနိုင်ငံတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၀ ဦး သေဆုံး

လီမာ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ တောင်အလယ်ပိုင်းဒေသရှိ Ayacucho ပြည်နယ်တွင် သြဂုတ် ၆ ရက် ညပိုင်းက အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း ပီရူး ပြည်သူ့ ကာကွယ်ရေးဦးစီးဌာန က သြဂုတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ထိုဒေသတွင် နေထိုင်သူများက မသန့်ရှင်းသည့်အစားအစာကို စားမိပြီး နေထိုင်မကောင်း ဖြစ်ခဲ့ ကြောင်း ၊ လူ ၅၂ ဦးက အစာအဆိပ်သင့်သည့်လက္ခဏာများရှိကြောင်း၊ ၎င်းတို့အနက် ၁၀ ဦး သေဆုံးပြီး ၂၁ ဦးမှာ အခြေအနေဆိုးဝါးနေကြောင်း ပီရူးပြည်သူ့ကာကွယ်ရေးဦးစီးဌာန တာဝန်ခံ တစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။

အစာအဆိပ်သင့်သူများကို ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်နေစဉ် (ဆင်ဟွာ)

အစာအဆိပ်သင့်သူများကို ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်နေစဉ် (ဆင်ဟွာ)

သြဂုတ် ၆ ရက်က ကျင်းပသည့် ဈာပန အခမ်းအနားတစ်ခုတွင် တည်ခင်းဧည့်ခံသည့် အစားအစာ များကို စားမိပြီး ထိုနေ့ညတွင်ပင် အစာအဆိပ်သင့်သည်လက္ခဏာများ ဖြစ်ပေါ်လာကြောင်း၊ အစာအဆိပ်သင့်သူများအနက် အခြေအနေဆိုးသူများက အကြောလိုက်ခြင်း၊သတိလစ်ခြင်းများ ဖြစ်ခဲ့ရာ သြဂုတ် ၇ ရက် နံနက်ပိုင်းတွင်ပင် စစ်သုံးရဟတ်ယာဉ်ဖြင့် Arequipaမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မြို့တော်လီမာရှိ ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ကြောင်း ပီရူးမီဒီယာများ၏ သတင်းများအရသိရသည်။

အဆိုပါအစာအဆိပ်သင့်မှုမှာ ပိုးသတ်ဆေးမသန့်စင်သည့် အစားအစာကို စားမိသောကြောင့် ဖြစ်သည်ဟု ပီရူး ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.