Connect with us

Latin America

ပီရူးနိုင်ငံ အရှေ့ပိုင်းတွင် အင်အား ၇.၁ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွား

ငလျင်တိုင်းတာမှုပုံစံ တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လီမာ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့ နှင့် ထိစပ်နေသော ပီရူးနိုင်ငံ နယ်စပ်တွင် သြဂုတ် ၂၄ ရက်က ကနဦးတိုင်းထွာချက်အရ ရစ်ချ်တာစကေး ၇.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။

ပီရူးနိုင်ငံ ပြည်သူ့ကာကွယ်ရေး အမျိုးသားဌာန ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရသည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၄နာရီ တွင် Iberia မြို့ အနောက်မြောက်ဘက် ၁၄၀ကီလိုမီတာခန့်အကွာ ရှိ မြေပြင်အနက် ၆၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS ကပြောကြားခဲ့သည်။

ပီရူးနိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ငလျင် နှင့် မီးတောင်လှုပ်ခတ်မှု ကြိမ်ဖန်များစွာဖြစ်ပွားလေ့ရှိသော Ring of Fire ဟုခေါ်ဆိုသည့် ဧရိယာအတွင်းတည်ရှိနေသဖြင့် ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.