Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး လူ ၅ ဦးသေဆုံး၊ ၂၃၃ ဦး ထိန်းသိမ်းခံရ

ဗင်နီဇွဲလားနိုင်ငံ အလံကိုင်၍ ချီတက်နေသည့် လူအုပ်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ မေ ၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီလ ၃၀ ရက်က အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး လူ ၂၃၃ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဗင်နီဇွဲလားနိုင်ငံ ရှေ့နေချုပ် တာရက် ဝီလီယံ ဆတ်ဘ် (Tarek William Saab) က မေလ ၆ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အာဏာသိမ်းရန်ကြိုးပမ်းမှုမှာ အတိုက်အခံခေါင်းဆောင်များဖြစ်သော လီယိုပေါ်လ်ဒို လိုပက်ဇ် (Leopoldo Lopez) ၊ ဂျူအန် ဂွိုင်ဒို (Juan Guaido) နှင့် တို့၏ ပြောကြားမှုမှတစ်ဆင့်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ပုန်ကန်သူစစ်သားများကလည်း ထောက်ခံမှုပြုခဲ့ကြောင်း ဆတ်ဘ်က ဒေသခံရုပ်မြင်သံကြားနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

ပြည်သူ့ရှေ့နေချုပ်ရုံးက လူ ၁၈ ဦးအား ဝရမ်းထုတ်ပြန်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအချို့ပါဝင်ကြောင်း ရှေ့နေချုပ်က ဆိုသည်။

အာဏာသိမ်းရန်ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော စစ်သားများအကြား ပြည်ထောင်စု ဥပဒေပြုနန်းတော် အဆောက်အအုံရှိ Bolivarian အမျိုးသားလုံခြုံရေး တပ်ဖွဲ့ အကြီးအကဲဟောင်း Ilich Sanchez Farias လည်းပါဝင်ကြောင်း ရှေ့နေချုပ်က ပြောခဲ့သည်။

စုံစမ်းစစ်ဆေးရေး အာဏာပိုင်များ၏ အဆိုအရ Sanchez Farias သည် ၎င်း၏ တပ်သားများအား ပုံမှန်စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ရန်ဟုပြောကာ လှည့်ဖြားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက ထိုတပ်သားများအား ဂွိုင်ဒိုနှင့် လီယိုပေါ်လ်ဒို လိုပက်ဇ်တို့နှင့် တွေ့ဆုံမည့် ကာရာကာ့စ်မြို့ရှိ Altamira Distribuidor လမ်းပေါ်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)