Connect with us

Latin America

ဘရာဇီး နိုင်ငံက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးများ လှူဒါန်း

ဟေတီနိုင်ငံ အတွင်း ကျန်းမာရေး ကုသစောင့်ရှောက်ပေးမှု ပြုလုပ်နေမှု တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီ ဂျနေးရိုး ၊ မေ ၉ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အစိုးရက ဟေတီ နိုင်ငံသို့ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ကြောင်း မေ ၈ ရက်တွင် ကြေညာခဲ့သည်။

ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဟေတီ နိုင်ငံ အစိုးရ၏ တောင်းဆိုမှု အရ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ပန် အမေရိကန် ကျန်းမာရေး အဖွဲ့ အစည်း (PAHO) က ဟေတီ နိုင်ငံ မြို့တော် ပို့သ်အောပရင့်စ်(Port-au-Prince) မြို့သို့ကာကွယ်ဆေးများ ပို့ဆောင်ရန် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဟေတီ နိုင်ငံ အစိုးရ၏ တောင်းဆိုချက် အရ မေ ၇ ရက်က ဟေတီ နိုင်ငံသို့ဘရာဇီး ကျန်းမာရေး ဝန်ကြီး ဌာနက လူတွင် ဖြစ်သော ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ၇,၀၀၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟေတီနိုင်ငံ၌ ၂၀၁၇ ခုနှစ် အတွင်းကလည်း ခွေးရူးပြန် ရောဂါ ဖြစ်ပွားပြီး သေဆုံးမှုများ မြင့်တက်လာခဲ့သဖြင့် ဘရားဇီး နိုင်ငံ အနေဖြင့် အလားတူ လှူဒါန်းမှု အဖြစ် ကာကွယ်ဆေး ၁၅,၀၀၀ အား ပို့ဆောင် ပေးခဲ့ သေးကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117