Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ နိုက်ကလပ်တစ်ခုတွင် မျက်ရည်ယိုဗုံးဖောက်ခွဲမှုကြောင့် လူ ၁၇ ဦး သေဆုံး

အခင်းဖြစ်ပွားသည့် နိုက်ကလပ်အား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ကရာကက်စ် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကက်စ်ရှိ နိုက်ကလပ်တစ်ခုတွင် ဇွန် ၁၆ ရက် နံနက်ပိုင်းက မျက်ရည်ယိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီး က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နိုက်ကလပ်တွင် အထက်တန်းကျောင်းသားတစ်စုက ကျောင်းဆင်းပွဲ အထိမ်းအမှတ်ပါတီလုပ်နေကြပြီး ကျောင်းသားအချင်းချင်းရန်ဖြစ်ရာမှ လူငယ်တစ်ဦးက မျက်ရည်ယို ဗုံးဖောက်ခွဲခဲ့ရာ လူ ၁၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံ သို့ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ဖမ်းဆီးထားသူ ၇ ဦး ရှိပြီး အမှုကို အစွမ်းကုန်စစ်ဆေး နေကြောင်း ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးက ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

သေဆုံးသူများ၏မိသားစုဝင်များ ဆေးရုံပြင်ပတွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

သေဆုံးဒဏ်ရာရသူအများစုမှာ အသက် ၁၆ နှစ်မှ အသက် ၂၀ နှစ်အတွင်းဖြစ်ပြီး မျက်ရည်ယိုဗုံး ပေါက်ကွဲမှုကြောင့် အသက်ရှုကြပ်ခြင်း၊ ထွက်ပြေးစဉ် လူအုပ်စု တက်နင်းခံရခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများမှတစ်ဆင့် သိရသည်။(Xinhua)