Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ အာဏာသိမ်းရန်ကြိုးပမ်းမှုတွင် ပါဝင်သူ ၁၇ ဦးဖမ်းဆီးခံရ

ဗင်နီဇွဲလားနိုင်ငံအလံအား ကိုင်ဆောင်ကာ ဆန္ဒပြပွဲတက်ရောက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီလ ၃၀ ရက်က အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ပါဝင်သူ ၁၇ ဦးအား ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းရန်ကြိုးပမ်းမှုအတွက် စုစုပေါင်း လူ ၃၄ ဦးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အများပြည်သူဆိုင်ရာဝန်ကြီးဌာန၏ ဇန်နဝါရီလမှ မေလအထိ လုပ်ဆောင်မှုများအား သုံးသပ်ချက်အား တင်ပြစဉ် ဗင်နီဇွဲလားနိုင်ငံ အစိုးရရှေ့နေချုပ် တာရတ် ဝီလီယံ ဆတ် (Tarek William Saab) က ပြောခဲ့သည်။

“ဒီမိုကရေစီနည်းလမ်းကျစွာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးစောင့်ထိန်းမှု” ထိန်းသိမ်းရာတွင် ဝန်ကြီးဌာန၏ အခန်းကဏ္ဍအား ၎င်းက ချီးကျူးပြောကြားခဲ့သည်။

အဆိုပါ အာဏာသိမ်းမှုမှာ ဝရမ်းပြေးစစ်သားများက ကျောထောက်နောက်ခံပေးထားပြီး အတိုက်အခံခေါင်းဆောင်များဖြစ်သော လီယိုပေါ်လ်ဒို လိုပက်ဇ် (Leopoldo Lopez) နှင့် ဂျူအန်ကွီဒို (Juan Guido) တို့က လှုံ့ဆော်ခဲ့ခြင်း ဖြစ်ကြောင်း ဆတ်က ယခင်ကပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် သြဂုတ်လက သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား လုပ်ကြံရန် ကြိုးပမ်းမှု ရှုံးနိမ့်ခဲ့မှုတွင်လည်း လူ ၃၈ ဦးအား တရားစွဲဆိုခဲ့ပြီး ယင်းအနက် ၃၁ ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)