Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် အကျဉ်းထောင်မီးလောင်မှုကြောင့် အနည်းဆုံး လူ ၉ဦးသေဆုံး

ဘရာဇီးနိုင်ငံရှိ လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယိုဒီဂျန်နေးရို၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အလယ်ပိုင်း Goias ပြည်နယ် မြို့တော် Goiania မြို့ရှိ ပြည်နယ်ဆိုင်ရာ လူငယ်ထိန်းသိမ်းရေးစခန်း တစ်ခုတွင် မေ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦး သေဆုံးကြောင်း ဒေသခံမီးသတ်ဝန်ထမ်းများက ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် အကျဉ်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်တွင်းဆေးရုံတစ်ခု၌ ဆေးကုသပေးထားကာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

Goiania မြို့ စစ်ရဲတပ်ရင်း အမှတ် ၇ ၏ ထိန်းသိမ်းရေးစင်တာ ၌ မေ ၂၅ ရက် နံနက်ပိုင်းတွင် အမည်မသိအကြောင်းအရာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိန်းသိမ်းခံထားရသော ဆယ်ကျော်သက်များသည် ပုန်ကန်မှုပြုလုပ်ရန် အကျဉ်းထောင်အခန်းများ အနက်တစ်ခု ရှိ အခင်းများအား မီးရှို့ခဲ့ကြောင်း သိရသည်။ သို့သော် Goiania မြို့အုပ်ချုပ်ရေးမှူး က ဆူပူပုန်ကန်မှုပြုလုပ်သည့် လက္ခဏာများ မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းချက်မပေးခဲ့ကြောင်း သိရသည်။

မီးသတ်သမားများ၏ပြောကြားချက်အရ မီးလောင်မှုဖြစ်ပွားချိန်တွင် အကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၅၀ဦးဝန်းကျင်ရှိနေကြောင်း နှင့် မီးစတင်လောင်ကျွမ်းခဲ့သည့် အကျဉ်းထောင်အခန်းအတွင်း၌ အကျဉ်းသား ၁၁ဦးရှိကြောင်း သိရသည်။

ပြည်တွင်းဆေးအဖွဲ့တစ်ဖွဲ့ က သေဆုံးသူများသည့် ဆိုးရွားစွာ မီးလောင်ကျွမ်းသွား၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိရန် ၎င်းတို့၏ သွားများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.