Connect with us

Latin America

ရာသီဥတုပြောင်းလဲမှုကြောင့် ကျူးဘားနိုင်ငံအနေဖြင့် တောမီးလောင်မှုများပိုမိုများလာနိုင်ကြောင်း ခန့်မှန်း

ကျူးဘား နိုင်ငံ ဟာဗားနား မြို့ တော်အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနား ဧပြီ ၆ ရက် (ဆင်ဟွာ)

ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် တောမီးများပိုမိုလောင်ကျွမ်းနိုင်ကြောင်း ကျူးဘားနိုင်ငံ ၏ အဆင့်မြင့်အရာရှိ တစ်ဦးက ခန့်မှန်းပြောကြားသည်။

“ရာသီဥတုပြောင်းလဲမှု က ပိုပြီးဆိုးလာတဲ့ အတွက် တောမီးလောင်တာ ပိုပြီးတိုးလာနိုင်တယ် လို့ခန့်မှန်းရပါတယ်’’ ဟု ကျူးဘားရိန်ဂျာတပ်ဖွဲ့၏ ခေါင်းဆောင် Colonel Manuel Lama Gomez ၏ ပြောကြားချက်ကို ကိုးကား၍ Granma နေ့စဉ်ထုတ်သတင်းစာတွင် ဧပြီလ ၅ ရက်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်းကို ထိပ်တိုက်ရင်ဆိုင်ရန် အတွက် “Life Task ” ဟုခေါ်သည့် နိုင်ငံတော် စီမံကိန်း အလုပ်အစည်းအဝေးတွင် Gomez တက်ရောက်ခဲ့ပြီး၊ သမ္မတ Miguel Diaz-Canel က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

တောမီး လောင်ခြင်းအတွက် ကြိုတင် သတိပေးချက်များထုတ်ပြန်ရန်စီစဉ်ထားမှုများပိုမိုတိုတက်လာခဲ့ကြောင်း Gomez ကဆိုသည်။

၂၀၁၇ ခုနှစ်တွင် ကျူးဘားနိုင်ငံ၌ တောမီးလောင်မှုပေါင်း အကြိမ် ၃၅၀ ကျော်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတောမီးလောင်မှုများကြောင့် အမေရိကန်ဒေါ်လာ ၂၇ သန်း ဆုံးရှုံခဲ့ကာ၊ လယ်ယာမြေ ဟက်တာ ၆၀၀၀ ပျက်စီးခဲ့ကြောင်း အစိုးရထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းအရ သိရသည်။

မီးလောင်မှု ၏ ၉၁ ရာခိုင်နှုန်းသည် ဇန်နဝါရီမှ မေလ အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း၊ ကာရေဘီယံနိုင်ငံများတွင် ခြောက်သွေ့သည့် ရာသီဥတု ကာလဖြစ်ကြောင်း ကျူးဘားရိန်ဂျာတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.