Connect with us

Latin America

အမေရိကန် ဗဟိုဘဏ် ဆုံးဖြတ်ချက်ကြောင့် ဒေါ်လာဈေးတက်

အမေရိကန်ဒေါ်လာများ ရေတွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ငွေစက္ကူ အတိုးနှုန်းများ မပြောင်းလဲကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် နိုဝင်ဘာလ ၁ ရက်တွင် အခြား ငွေကြေးများနှင့် လဲလှယ်ရာတွင် ဒေါ်လာဈေးများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်တွင် ဟာရီကိန်း မုန်တိုင်းတိုက်ခတ်ခဲ့သော်လည်း အလုပ်သမား ဈေးကွက်မှာ “ဆက်လက် အားကောင်းနေကြောင်း” ၊ စီးပွားရေး လုပ်ဆောင်ချက်အနေဖြင့် “ခိုင်မာသော တိုးတက်မှုနှုန်းရှိကြောင်း” ဗဟိုဘဏ်၏ မူဝါဒပြုရေး ကော်မတီက နှစ်ရက်ကြာ အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်၌ ပြောကြားခဲ့သည်။

စီးပွားရေးအရ ကြည့်မည်ဆိုပါက အမေရိကန် ပုဂ္ဂလိက အလုပ်အကိုင်ကဏ္ဍသည် စက်တင်ဘာလမှ အောက်တိုဘာလအထိ အလုပ်အကိုင်၂၃၅,၀၀၀ တိုးတက်လာခဲ့ကြောင်း နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သော October ADP အမျိုးသား အလုပ်အကိုင် အစီရင်ခံစာက ပြောကြားခဲ့သည်။

အခြား အဓိက နိုင်ငံတကာငွေများနှင့် လဲလှယ်ရာတွင် ဝ.၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

နယူးယောက် ရောင်းဝယ်ရေးတွင် ယူရို၊ စတာလင်ပေါင် ဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး သြစတြေးလျဒေါ်လာမှာမူ ဈေးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.