Connect with us

Latin America

အာဂျင်တီးနား အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုကြောင့် အနည်းဆုံး ၈ဦးသေဆုံး

အာဂျင်တီးနားနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဗျူရို အေးရိစ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ အနောက်မြောက်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် စက်တင်ဘာ ၄ရက်က ယာဉ် ၂စီး တိုက်မိခဲ့ပြီးနောက် အနည်းဆုံး လူ ၈ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကပြောကြားခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်အရ El Galpon မြို့ ကပ်လျက် Salta ပြည်နယ် ၌ ဒေသစံတော်ချိန် နံနက် ရး၂၅နာရီတွင် ဗင်ကားတစ်စီး နှင့် မော်တော်ယာဉ်တစ်စီး တိုက်မိခဲ့ကြောင်း သိရသည်။

Salta ပြည်နယ် နေ့စဉ် သတင်းစာ El Tribuno က သေဆုံးသူ ၈ဦးအနက် ငါးဦးမှာ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် El Galpon မြို့ ရှိ နေအိမ်သို့ သွားရောက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် နံနက် ၆နာရီတွင် တာဝန်ချိန်ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ပါရှိသည်။

အခြား ဒဏ်ရာပြင်းထန်သူ ၂ဦး အား Metan မြို့ ရှိ El Carmen ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.