Connect with us

Latin America

အိုဇုန်းလွှာပျက်စီးစေမည့် ဓာတ်ငွေ့အသုံးပြုမှုကို ကျူးဘားအနေဖြင့် ထိန်းချုပ်ရန် အသင့်ဖြစ်နေ

ကျူးဘားနိုင်ငံရှိ မြို့တစ်မြို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဟာဗားနား၊ မတ် ၇ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု လျော့နည်းစေရေးအတွက် hydro fluorocarbons (HFCs) သုံးစွဲမှုကိုလျှော့ချရန် ပြင်ဆင်လျက်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်က မတ်လ ၆ ရက်နေ့တွင် ပြောသည်။

သဘာဝပတ်ဝန်းကျင်ကို အထောက်အပံ့ဖြစ်စေမည့် အန္တရာယ်မရှိသည့် နည်းပညာများအသုံးပြုရန် နှင့် HFCs ကဲ့သို့ အအေးခန်းသုံးဓာတ်ငွေ့ များအား လျှော့ချရန် ကျူးဘားနိုင်ငံ သည် အိမ်ရှင် အဖြစ် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ ၃ ခုကျင်းပရန်ရှိကြောင်း ကျူးဘား အိုဇုန်းနည်းပညာရုံး၊ ဒါရိုက်တာ နယ်လ်ဆင်အက်စပင်နိုဆာ (Nelson Espinosa)က ပြောသည်။

၂၀၁၆ ကီဂလီ ပြင်ဆင်ချက်ကို ထိန်းသိမ်းလိုက်နာသည့် အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အအေးခန်းသုံးဓာတ်ငွေ့များ နှင့် အအေးခန်းလုပ်ငန်းများ မှတစ်ဆင့် ကမ္ဘာကြီးပူနွေးစေသည့်ဓာတ်ငွေ့များ နှင့် HFCs လျှော့ချရေးအတွက် ကျူးဘားအနေဖြင့် ရည်ရွယ်ထားကြောင်း သိရသည်။

နေမှတဆင့် အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည် ကျရောက်မှုမှ ကမ္ဘာမြေအားကာကွယ်ပေးသည့် အိုဇုန်းလွှာ အား ပျက်စီးစေသည့် အရာဝတ္ထုများအား သုံးစွဲ ထုတ်လုပ်ခြင်း တို့ကို လျှော့ချမှုနှင့် ထိန်းချုပ်မှု အတွက် Montreal Protocol သဘောတူညီချက်တွင် အမြင့်ဆုံးဆု တစ်ခုဖြစ်သည့် အိုဇုန်းဆုကို ၂၀၁၇ ခုနှစ်တွင် ကျူးဘားနိုင်ငံမှ ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.