Connect with us

Latin America

ကပ်ရောဂါတိုက်ဖျက်ရန် တရုတ်နိုင်ငံမှ ထောက်ပံ့သော ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်ဆောင်လာသည့် ကိုးစင်းမြောက်လေယာဉ် ဗင်နီဇွဲလားသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာအကူအညီပစ္စည်းများ ဗင်နီဇွဲလားနိုင်ငံ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၂ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

ကာရေကပ်စ် ၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီပေးအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ အပြည့်တင်ဆောင်လာသည့် ကိုးစင်းမြောက် လေယာဉ် ဗင်နီဇွဲလားနိုင်ငံသို့ ဒီဇင်ဘာ ၂၂ က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးLi Baorong က “လေယာဉ်ပေါ်မှာ လျင်လျင်မြန်မြန် စမ်းသပ်စစ်ဆေးနိုင်တဲ့ rapid tests စမ်းသပ်ကိရိယာတွေနဲ့ အောက်ဆီဂျင် အသက်ရှူစက်တစ်လုံးအပါအဝင် ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေပါလာပါတယ်” ဟုဆိုသည်။

တရုတ်နိုင်ငံမှ ထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာအကူအညီပစ္စည်းများ ဗင်နီဇွဲလားနိုင်ငံ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၂ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာအကူအညီပစ္စည်းများ ဗင်နီဇွဲလားနိုင်ငံ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၂ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာအကူအညီပစ္စည်းများ ဗင်နီဇွဲလားနိုင်ငံ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၂ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

ကာရေကပ်စ်မြို့တော်ရှိ Simon Bolivar အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြောကြားစဉ် သံအမတ်ကြီး Li က “ ကပ်ရောဂါကူးစက်ပျံ့နှံ့ပြီး ကမ္ဘာ့စီးပွားရေး နက်နက်ရှိုင်းရှိုင်း ကျဆင်းနေတဲ့ အချိန်အခါတစ်ခုမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်” ဟု ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံဒုတိယသမ္မတ Delcy Rodriguez က ကျေးဇူးတင်စကားပြောကြားရာတွင် “ တရုတ်နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့ပြီး “တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ်၊ သူ့ရဲ့ပူးပေါင်းဆောင်ရွက်မှုက လူသားတွေအနေနဲ့တွေ့ကြုံရတဲ့ အဆိုးဝါးဆုံးကပ်ရောဂါတွေထဲက တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ လုပ်ကိုင်နိုင်စွမ်းရှိခဲ့ပြီးဖြစ်ပါတယ်” ဟု Rodriguez က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၁၀,၀၀၀ ရှိပြီး သေဆုံးသူ ၉၉၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Venezuela receives ninth planeload of medical supplies from China to fight pandemic

CARACAS, Dec. 22 (Xinhua) — Venezuela on Tuesday received the ninth planeload of medical supplies from China to help the country combat the COVID-19 pandemic.
China’s Ambassador to Venezuela Li Baorong said that the shipment comprised “medicines and medical products,” including “rapid tests and an oxygen concentrator.”
Speaking at the Simon Bolivar International Airport in the capital city Caracas, Li stressed the importance of bilateral cooperation at a time when “the pandemic is spreading and the recession of the world economy deepening.”
Venezuelan Vice President Delcy Rodriguez thanked “China’s solidarity.”
“Thanks to China and its cooperation we have been able to face one of the most serious pandemics that humanity has experienced,” Rodriguez said.
Venezuela has registered over 110,000 COVID-19 infections and more than 990 deaths so far. ■

Workers unload medical supplies from China at the Simon Bolivar International Airport in La Guaira, Venezuela, on December 22, 2020. (Xinhua/Marcos Salgado)