Latin America
ကော့စတာ ရီကာ ရဲတပ်ဖွဲ့ က တရားမဝင် ခိုးဝင်လာသည့် ကျူးဘား ရွှေ့ပြောင်း ဒုက္ခသည် ၁၈ ဦး အား ဖမ်းဆီး

ဆန်ဂျို့စ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
ကော့စတာ ရီကာ ရဲတပ်ဖွဲ့ သည် ဧပြီလ ၁၆ ရက် နေ့လည်ပိုင်း က တရားမဝင် ခိုးဝင်လာသည့် ကျူးဘား ရွှေ့ပြောင်း ဒုက္ခသည် ၁၈ ဦး အား ဖမ်းဆီး ခဲ့ကြောင်း La Nacion နေ့စဉ် သတင်းစာက ဧပြီလ ၁၇ ရက်တွင် ဖော်ပြ ခဲ့သည်။
အဆိုပါ လူအုပ်စုကို သယ်ဆောင်လာသော ဘတ်စ်ကားသည် ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက်ရှိ Quepos မြို့ကို ဖြတ်၍ သွားလာနေစဉ် ရဲတပ်ဖွဲ့က တားဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ပနားမား နယ်စပ် နားရှိ Paso Canoas မြို့မှ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ရွှေ့ပြောင်း ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည် နှင်ထုတ်ရန် အတွက် ရွှေ့ပြောင်း ဒုက္ခသည်များ ဆိုင်ရာ အာဏာပိုင်များ လက်သို့ မလွှဲပြောင်းမီ ဒေသခံ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကော့စတာ ရီကာ အစိုးရသည် ကော့စတာ ရီကာ နိုင်ငံမှ တစ်ဆင့် အမေရိကန် နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ကျူးဘားနှင့် အာဖရိက နိုင်ငံများမှ များပြားလှသော ရွှေ့ပြောင်း ဒုက္ခသည်များကြောင့် ရွှေ့ပြောင်း ဒုက္ခသည် အရေးကိစ္စကို ကိုယ်တွယ် ထိန်းချုပ်နိုင်ရန် ပြဌာန်းချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ကော့စတာ ရီကာ အစိုးရ သည် မက္ကဆီကို နိုင်ငံနှင့် အမေရိကန် နိုင်ငံသို့ ယခုနှစ် အတွင်း ရွှေ့ပြောင်း ဒုက္ခသည် ၈,၀၀၀ ဝန်းကျင်ခန့် စေလွှတ်ပေးခဲ့သော်လည်း သတ်မှတ် စာရွက်စာတမ်းများ မပါသည့် ရွှေ့ပြောင်း ဒုက္ခသည် အားလုံးကို ထိန်းသိမ်း၍ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၃ ရက် က ကျူးဘားနှင့် အာဖရိက နိုင်ငံများမှ ရွှေ့ပြောင်း ဒုက္ခသည် ၁,၂၀၀ ခန့်သည် ကော့စတာ ရီကာ အတွင်းသို့ အဓမ္မ ဝင်ရောက်လာခဲ့ပြီး ၎င်းအနက် အများစုမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရပြီး ပနားမား နိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ခြင်း ခံရကြောင်း သိရသည်။ (Xinhua)