Connect with us

Latin America

အီကွေဒေါ ငလျင် သေဆုံးသူ ၂၄၆ ဦး နှင့် ဒဏ်ရာရသူ ၂၅၂၇ ဦးထိ ရှိလာ

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံ ရှေ့တွင် ကယ်ဆယ်ရေးလုပ်သားများအားတွေ့ရစဉ် ( ဆင်ဟွာ )

ကွီတို ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

အီကွေဒေါ နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၄၆ ဦး နှင့် ဒဏ်ရာရသူ ၂၅၂၇ ဦးထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အီကွေဒေါ ဒုတိယ သမ္မတ Jorge Glas က ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

ငလျင်လှုပ်ခတ်ပြီးပြီးခြင်း ငလျင်ဒဏ်ခံရသည့် နေရာအနှံ့အပြားတွင် သေဆုံသူ ၁၈၉ ဦးထိ ရှိကြောင်း နှင့် အပျက်အစီးပုံများကြားတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်နေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်နေကြောင်း Pedernales မြို ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် နိုင်ငံတွင်းရှိ ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေကြေညာထားရပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အား ၁၄ဝဝဝ ဖြင့် ၎င်းဧရိယာအတွင်း လှည့်လည်၍ ကယ်ဆယ်ရေးများပြုလုပ်နေသည်။
ငလျင်ဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရသော Pedernales မြို့၌ ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံများကြားတွင် နာရီ ၂ဝ ကျော် ပိတ်မိနေသည့် အမျိုးသမီးငယ် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ အဆိုပါအမျိုးသမီး၏ ဖခင်ဖြစ်သူက ၎င်းတို့ မိသားစုဝင် လေးဦးအသက်ရှင်ကျန်ရစ်ပြီး ၅ ဦးမှာ ငလျင်ကြောင့် အသက်ဆုံးရံှူးခဲ့ရကြောင်း ပြောကြားသည်။
အီကွေဒေါ ဒုတိယသမ္မတ Glas သည် ဧပြီ ၁၇ ရက်တွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် Manta ၊ Pedernales နှင့် Portoviejo ပြည်နယ်များသို့သွားရောက် စစ်ဆေးနိုင်ခဲ့သော်လည်း နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Manabi ပြည်နယ် သို့သွားရာ အဝေးပြေးလမ်းသည် ငလျင်ဒဏ်ကြောင့် ပျက်စီးနေသဖြင့် ခက်ခက်ခဲခဲသွားရောက်ခဲ့ရသည်ဟု ဆိုသည်။ အီကွေဒေါနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် Guayaquil မြို့တွင်လည်း လူသေအလောင်းများ နှင့် အခြေခံ အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရကြောင်း ၊ ပိတ်နေသော လမ်းများ ပြန်ဖွင့်နိုင်ရန် နှင့် လျှပ်စစ်မီးများ ပြန်လည်ရနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။ ၎င်းမြို့ထဲတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထားသည်ဟု ဆိုသည်။
အီကွေဒေါနိုင်ငံသို့အမေရိကန်ပြည်ထောင်စု နှင့် မက္ကဆီကို နိုင်ငံများမှ လူသားချင်းစာနာမှုအကူအညီများ စတင်ပေးပို့နေပြီး ဖြစ်သလို စပိန်နိုင်ငံသို့ရောက်ရှိနေသော အီကွေဒေါ လူမှု အဖွဲ့အစည်းများကလည်း ငလျင်ဒဏ်ခံစားနေရသည့် အီကွေဒေါနိုင်ငံသို့ကူညီထောက်ပံ့မှုများစတင်ပြုလုပ်နေပြီဖြစ်သည်။ အီကွေဒေါ အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အသုံးပြုသွားမည်ဟု ပြောဆိုထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.