Connect with us

Latin America

အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူဦးရေ ၄၁၃ဦးအထိ မြင့်တက်လာ

အီကွေဒေါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

အီကွေဒေါ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ ကမ်းရိုးတန်းကို ဗဟိုပြု၍ ဧပြီလ ၁၆ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ဦးရေသည် ၄၁၃ ဦး အထိ မြင့်တက်လာခဲ့ကြောင်း လုံခြုံရေး ညှိုနှိုင်းဆောင်ရွက်မှု ဝန်ကြီးဌာန က ဧပြီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အီကွေဒေါ နိုင်ငံ ကယ်ဆယ်ရေး အသင်းများသည် ဧပြီလ ၁၈ ရက်နေ့တွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် အကျိုးအပဲ့ ပစ္စည်းများအကြား ပိတ်မိနေသည့် လူများ နှင့် ရုပ်အလောင်းများကို ရှာဖွေရန် ကယ်ဆယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

အီကွေဒေါနိုင်ငံ လုံခြုံရေးဝန်ကြီး Cesar Navas က Manta မြို့တွင် အသက်ရှင်ကျန်ရစ်သူများအား ဆက်လက် ကယ်ဆယ် နေကြောင်း Ecuavisa TV သို့ပြောကြားခဲ့သည်။

ကမ်းရိုးတန်းဒေသရှိ လူရာပေါင်းများစွာသည် နောက်ဆက်တွဲ ငလျင်များကို ကြောက်ရွံ့နေ၍ ရင်ပြင်များနှင့် လမ်းမများပေါ်တွင် အိပ်စက်နေရကြောင်း သိရသည်။

Manabi ပြည်နယ် ရှိမြို့အများစု တွင် လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်လျက်ရှိကြောင်းသိရသည်။ (Xinhua)