Latin America
ကျူးဘားနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်၌ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်

ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)
ကျူးဘားနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်၌ ယနေ့ နံနက် ဒေသစံတော်ချိန် ၃ နာရီ ၁၀ မိနစ်တွင် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ(CENC) က ဆိုသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျူ့၁၉ ဒသမ ၄၆ ဒီဂရီ နှင့် အနောက်လောင်ဂျီကျူ့ ၇၈ဒသမ၇၉ ဒီဂရီ အတွင်း ၊ အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း CENC ၏ ပြောကြားချက်အရ သိရသည်။(Xinhua)