Connect with us

Asia

၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်လှစ်၊ အာဆီယံ ဗဟိုပြုမှု၊ စီးပွားရေးတိုးတက်မှု အလေးထားဖော်ပြ

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ၂၀၂၃ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးလိုဂို အလှဆင်ထားမှုကို ၂၀၂၃ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

LABUAN BAJO ၊ အင်ဒိုနီးရှား၊ မေ ၁၀ ရက် (ဆင်ဟွာ)

၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Labuan Bajo မြို့တွင် မေ ၁၀ ရက် နံနက်ပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ ပင်မအခန်းကဏ္ဍမှ ပါဝင်ရန် အာဆီယံ စည်းလုံးမှုနှင့် စီးပွားရေးပေါင်းစည်းမှုအတွက် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းပြောကြားခဲ့သည်။

“စည်းလုံးမှုနဲ့အတူ အာဆီယံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းလာပေးမယ့် အဓိကပါဝင်သူဖြစ်ပါလိမ့်မယ်” ဟု ၎င်းက အစည်းအဝေး အဖွင့်မိန့်ခွန်း၌ မှတ်ချက်ပြုခဲ့သည်။

“အနာဂတ်မှာ အာဆီယံဟာ စီးပွားရေး ပေါင်းစည်းမှုအားကောင်းဖို့၊ ဒေသတွင်း စီးပွားရေးဘက်စုံ မိတ်ဖက်ဆက်ဆံမှု (RCEP) အပါအဝင် အလုံးစုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာဖို့၊ ကျန်းမာရေး၊ အစားအသောက်နှင့် စွမ်းအင်တည်ဆောက်ပုံ စတာတွေအပြင် ငွေကြေးတည်ငြိမ်ရေး ထိန်းသိမ်းမှု တောင့်တင်းခိုင်မာဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးက အရှေ့တီမောနိုင်ငံ၏ တင်းပြည့်အဖွဲ့ဝင်ဆိုင်ရာ လမ်းပြမြေပုံ ထုတ်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ယမန်နှစ် နိုဝင်ဘာလက အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို အာဆီယံက အခြေခံအားဖြင့် သဘောတူခဲ့သည်။ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် Taur Matan Ruak သည် ယင်းထိပ်သီးအစည်းအဝေး၌ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အာဆီယံ၏ ပျမ်းမျှနှစ်စဉ်တိုးတက်မှုသည် ၃.၉၈ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့ ပျမ်းမျှ စီးပွားရေးတိုးတက်မှု၏ ၂.၆ ရာခိုင်နှုန်းအထက် ရှိကြောင်း အာဆီယံ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

……………………………………………….
(English Version)
42nd ASEAN Summit opens, highlighting ASEAN centrality, economic growth
LABUAN BAJO, Indonesia, May 10 (Xinhua) — The 42nd Association of Southeast Asian Nations (ASEAN) Summit formally kicked off in the town of Labuan Bajo in eastern Indonesia on Wednesday morning, with Indonesian President Joko Widodo urging ASEAN unity and economic integration for the regional bloc to play a central role in regional peace and development.
“With unity, ASEAN will be able to be a central player in bringing peace and development,” he noted in his opening address.
“In the future, ASEAN must strengthen its economic integration, strengthen inclusive cooperation, including the implementation of RCEP (Regional Comprehensive Economic Partnership), and strengthen the health, food, and energy architecture, as well as maintain the financial stability,” he said.
The summit is expected to produce a roadmap for Timor-Leste’s full membership. Last November, ASEAN agreed in principle to admit Timor-Leste to be its 11th member. Timor-Leste’s Prime Minister Taur Matan Ruak was present at the summit in observer’s status.
In the past decade, ASEAN’s average annual growth reached 3.98 percent, above the global economic growth average of 2.6 percent, showed ASEAN data.
Photo: This photo taken with a mobile phone on May 5, 2023, shows a street decoration of the logo of the 2023 ASEAN Summit in Jakarta, capital of Indonesia. (Xinhua/Xu Qin)