Connect with us

North America

ကနေဒါနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၆၉ ဦး သေဆုံး

ကနေဒါနိုင်ငံ Montrealမြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အော့တဝါ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Saint-Eustache ဒေသတွင် ဇူလိုင်လ ၂၃ ရက် နံနက်က မော်တော်ကား ၃စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ နောက် ကျောင်းဘတ်စ်ကား၂ စီးမီးလောင်ခဲ့ပြီး စုစုပေါင်း လူ ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ ကလေးများဖြစ်ကြောင်း CBC သတင်းဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

မော်တော်ယာဉ်တစ်စီးသည် ကျောင်းကားနှစ်စီးရှေ့အရောက် ရုတ်တရက် ရပ်တန့်ခြင်းကြောင့် တိုက်မှုခြင်း နှင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဘတ်စ်ကားများသည်မီးလောင်ကျွမ်းမှုကြောင့် ပြုပြင်၍ မရအောင် အကြီးအကျယ်ပျက်စီးခဲ့ကြောင်း သိရသည်။

အသက် ၇ နှစ် နှင့် ၁၂ နှစ်ကြား ကလေး ၅၀ ကျော်သယ်ဆောင်လာသည့် ဘတ်စ်ကားများနွေရာသီစခန်းသို့ သွားနေစဉ် ဇူလိုင် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်၌ မော်တော်ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မွန်တီရီရယ်(Montreal) မြို့လယ် ၏ အနောက်မြောက်ဘက် ကီလိုမီတာ ၄၀ ဝန်းကျင်တွင် ၎င်းယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)