North America
တရုတ်နိုင်ငံတော် ကောင်စီဝင်က ကိုရီးယားအချင်းချင်း အပြန်အလှန်နားလည်မှုအတွက် နိုင်ငံတကာ အကူအညီပေးရန် တိုက်တွန်း
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်နှင့် ဖေဖော်ဝါရီလ ၈ ရက်က ဝါရှင်တန်၌ တွေ့ဆုံစဉ် ကိုရီးယား ကျွန်းဆွယ်အရေး တင်းမာမှု ဖြေလျှော့ရေးအတွက် နိုင်ငံတကာ အကူအညီပေးရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကိုရီယားကျွန်းဆွယ်တွင် နျူကလီးယားလျှော့ချရန်နှင့် ကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် အမြဲကတိပြုခဲ့ကြောင်း ယန်က ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း ယန်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)