Connect with us

North America

တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် စစ်ရေး ခြိမ်းခြောက်မှု အသွင် မဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပြောကြား

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Colin Powell အား ဧပြီလက ပြုလုပ်ခဲ့သည့် အမေရိကန် သမ္မတဟောင်း လင်ကွန်း လုပ်ကြံခံရမှု ၁၅၀ နှစ် ပြည့် ပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ် Colin Powell မှ ဇူလိုင်လ ၈ ရက်နေ့က အမေရိကန် လွှတ်တော် စာကြည့်တိုက်တွင် မိန့်ခွန်း ပြောကြားရာတွင် တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် စစ်ရေး ခြိမ်းခြောက်မှု မဖြစ်ပွား လာနိုင်ကြောင်း ၊ ဤသည်မှာ တရုတ် နိုင်ငံ၏ အကျိုးစီးပွား နှင့်လည်း မကိုက်ညီကြောင်း ပြောကြား ခဲ့သည်။

Colin Powell မှ အမေရိကန်-တရုတ် ဆက်ဆံရေးသည် လက်ရှိ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော အပြန်အလှန် ဆက်ဆံရေး တစ်ခုဖြစ်ကြောင်း ၊ အမေရိကန် အနေဖြင့် တရုတ် နိုင်ငံနှင့် ပူးပေါင်းခြင်းသည် နှစ်နိုင်ငံ ထိပ်တိုက် ရင်ဆိုင်မှုများ ကြုံတွေ့ခြင်းမှ ရှောင်ရှား နိုင်ကြောင်း ပြောကြား ခဲ့သည်။

Colin Powell မှ တရုတ် နိုင်ငံသည် လွန်ခဲ့သော နှစ် ၄၀ မှ စတင်၍ တိုးတက်လာသော စီးပွားရေး အရှိန်အဟုန်သည် အံ့သြစရာကောင်းသည့်အပြင် တရုတ် နိုင်ငံသည် အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင်လည်း ကောင်းစွာ သိရှိနားလည်ကြောင်း ၊ အမေရိကန် အနေဖြင့် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်း ထားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ထိုနေ့ တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeleine Albright မှလည်း မိန့်ခွန်း ပြောကြားရာတွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် ၂၁ ရာစု အတွင်း အရေးအကြီးဆုံးသော အပြန်အလှန် ဆက်ဆံရေး တစ်ခုဖြစ်ကြောင်း ၊ အမေရိကန်နှင့် တရုတ် နိုင်ငံကြီး နှစ်နိုင်ငံသည် စီးပွားရေး အရ အပြန်အလှန် မှီခိုအားထား ခြင်းသည် သမိုင်းကြောင်း တစ်လျှောက် မြင်တွေ့ရခဲပြီး နှစ်နိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.